Unicode
လက်ကနာရီကိုမြှောက်ကြည့်လိုက်တော့ နာရီလက်တံတွေက ၆နာရီကိုညွှန်ပြနေသည်။တနေ့လုံးပြေးလွှားနေရတာကြောင့် ခြေသလုံးတွေပင်တောင့်တင်းနေသည်။ဂျူတီကုတ်ကိုချွတ်ကာ လော့ကာထဲထည့်လိုက်ပြီး အိမ်ပြန်ဖို့ပြင်ဆင်ရသည်။
"ရှောင်းကျန့်မင်းလူရှေ့မှာရောက်နေတာတွေ့ခဲ့တယ်"
"အေးအေး"
ကျန်းချန်ကိုပြန်ဖြေရင်း အိတ်လေးကောက်လွယ်ကာအမြန်ထွက်လာခဲ့သည်။သူတို့နှစ်ယောက်လုံးအလုပ်သင်အဖြစ်ဆေးရုံးတစ်ခုတည်းမှာအတူတူရောက်နေချင်းဖြစ်သည်။သိပ်မကြာခင်လပိုင်းအတွင်းတော့ တာဝန်ကျရာနေရာအသီးသီးသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ကြရမှာဖြစ်သည်။
ဆေးရုံအဝင်ပေါက်နားက ထိုင်ခုံပေါ်မှာထိုင်စောင့်နေတဲ့သူကိုတွေ့လိုက်တော့ သူမျက်နှာလေးကအလိုလိုပြုံးမိသွားတယ်၊ဆေးရုံကသူနာပြုတချို့ရဲ့ပြုံးစိစိအကြည့်တွေကိုလည်းအပြုံးလေးနဲ့ပဲပြန်တုန့်ပြန်လိုက်တယ်။ကောင်လေးကိုရွေးချယ်လိုက်ကတည်းက ပတ်ဝန်းကျင်ကလူတွေကို ဖုံးကွယ်ထားဖို့အစီစဥ်မရှိ။ဒါကြောင့် သူဒီမှာစပြီးတာဝန်ကျကတည်း အပို့အကြို လုပ်ပေးနေတဲ့ ကောင်လေးကို သူနာပြုတွေက ဘယ်သူလည်းဆိုပြီး စပ်စုကြတဲ့အခါ ကျွန်တော့်ကောင်လေးပါဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေထားတာမို့ ဒီဆေးရုံ ဖူဂျီရှီဆရာမတချို့က ကောင်လေးလာကြိုတိုင်းခုလို ပြုံးစိစိနဲ့လိုက်စနေကြတော့ပဲ။
"ရောက်နေတာကြာပြီလား?"
"ဟင့်အင်း ၅မိနစ်လောက်ပဲရှိသေးတယ်"
ကောင်လေးက ရှောင်းကျန့်လွယ်ထားတဲ့အိတ်ကိုလက်လွှဲယူရင်းဖြေသည်။"ပင်ပန်းနေပြီလား ကို့အချစ်ရဲ့၊မျက်နှာလေးတောင်နွမ်းလို့"
"ဒီနေ့ အရေးပေါ်လူနာတွေရောက်လို့လေ တနေ့လုံးမနားရသေးဘူး"
ကောင်လေးရဲ့လက်တဖက်ကိုတွဲခိုရင်ရင်း ခပ်ညည်းညည်းလေးပြန်ဖြေလိုက်သည်။ဆိုင်ကယ်လ်နားရောက်တော့ ကောင်လေးကဆိုင်ကယ်လ်ဦးထုတ်လေးကိုဆောင်းပေးရင်း
![](https://img.wattpad.com/cover/283899497-288-k655219.jpg)
YOU ARE READING
ကောင်လေး(Complete)
General FictionYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။