Unicode
ဝမ်ကျယ်လေးသတိရလာတော့ အိမ်ရှေ့ကိုရောက်နေသည်။ ဘယ်အချိန်ကအိမ်ရှေ့ကိုပြန်ပို့ထားသည်မသိ။မြေပြင်မှာမှောက်ယက်လေးလဲနေသည်။ သူမြေပေါ်ကနေ ကုန်းရုန်းထလိုက်သည်။ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဝေလီဝေလင်းရှိသေးသည်။သူမနေ့မနက်ကအဖမ်းခံရသည်။ ဒါဆိုတစ်ညလုံးသတိလစ်နေတာများလား?
လှုပ်ရှားလိုက်တော့ နောက်ကျောတော်တော်လေးနာသွားသည်။အိမ်တံခါးကိုဖွင့်ကာ ဖြေးဖြေးချင်းဝင်လာလိုက်တော့ မူးပြီးအိပ်ပျော်နေတဲ့ ဖိုးဖိုးကိုတွေ့လိုက်ရသည်။ ဖိုးဖိုးက လောင်းကစားသမား၊ အခုနောက်ပိုင်း အရက်တွေပါသောက်လာသည်။ဖွားဖွားက ဖိုးဖိုးအကြောင်းကိုသိတော့ သူမဆုံးခင်လေး ဒီအိမ်လေးကို မားမားနာမည်နဲ့လုပ်ပေးသွားခြင်းဖြစ်သည်။ဒီအိမ်လေးရဲ့ကာလတန်ဘိုးက မနည်းလှဘူးလို့မားမားတို့ပြောတာကြားဖူးသည်။မားမားက သူ့မိဘအမွေမို့ ငွေဘယ်လောက်လိုလို ရောင်းပစ်ဖို့မတွေးခဲ့ပေ။
ညစ်ပတ်ပေရေနေတဲ့အဝတ်အစားတွေချွတ်ချပြီး ရေချိုးသန့်စင်လိုက်သည်။ရေနဲ့ထိလိုက်တိုင်းနောက်ကျောကဒဏ်ရာက စပ်ဖျင်းဖျင်းနဲ့ နာကျင်လာသည်။ရေချိုးပြီးတော့ခပ်လတ်လတ်အဝတ်အစားအချို့ကိုရွေးချယ်ဝတ်ဆင်လိုက်သည်။
သူကလေးလိုနေလို့မဖြစ်တော့ဘူးဆိုတာနားလည်လိုက်ပြီ၊ ဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။အိပ်ပျော်နေတဲ့ဖိုးဖိုးအနားကိုသွားကာမျက်နှာရှေ့ကို လက်လေးနဲ့ဝှေ့ယမ်းကြည့်လိုက်သည်။ဖိုးဖိုးအိပ်ပျော်နေတာသေချာမှ သူ့ရဲ့ဝက်ရုပ်ခေါင်းအုန်းလေးကိုယူကာ ရေချိုးခန်းထဲဝင်လိုက်သည်။ရေချိုးခန်းတံခါးကို ဂျက်ချကာ ခေါင်းအုံးလေးကိုဖြဲလိုက်သည်။ခေါင်အုန်းက တော်တော်နဲ့ဖြဲလို့မရ၊ တံခါးပြန်ဖွင့်ကာ မီးဖိုခန်းက ကက်ကြေးကိုယူလိုက်ပြီး ရေချိုခန်းထဲပြန်ဝင်လိုက်သည်။ မဝင်ခင်ဖိုးဖိုးနိုးသွားလားလို့အကဲခပ်လိုက်သေးသည်။
![](https://img.wattpad.com/cover/283899497-288-k655219.jpg)
VOUS LISEZ
ကောင်လေး(Complete)
Fiction généraleYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။