Unicode
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန် နားထဲမှာ ညည်းသံလိုလို ကြားရတာကြောင့် လန့်နိုးလာသည်။ သရဲများခြောက်ခံရသလားဆိုပြီးကြောက်ကြောက်နဲ့ မျက်စိမဖွင့်သေးပဲ နားစွင့်ကြည့်လိုက်တော့ အသံ က ကောင်လေးဘက်ကဖြစ်နေသည်။ သူအလန့်တကြားမျက်စိဖွင့်ကြည့်လိုက်တော့ ကောင်းလေးက အိပ်ယာပေါ်မှာ ကွေးကွေးလေးဖြစ်နေပြီး တဟင်းဟင်း ညည်းညူနေသည်။
ကောင်လေးအဖျားတတ်ပြီးညည်းညူနေမှန်းသိတာနဲ့ အိပ်ယာကအမြန်ထကာ နှဖူးကိုစမ်းကြည့်လိုက်သည်။
*အာ ပူကျပ်နေတာပဲ"
ရှောင်းကျန့် ရေဇလုံအမြန်သွားယူက ရေပတ်တိုက်ဖို့ပြင်သည်။တစ်ညလုံးနီးပါးရေပတ်တိုက်ပေးမှ အဖျားအနည်းငယ်ကျသွားသည်။တော်ယုံဆို ကောင်လေးက ဖျားလွယ်တဲ့အထဲမပါပါ။မနေ့ညက သူ့ကိုလာကြိုရင်း မိုးရွာထဲမှာ စောင့်နေရတာကြာသွား၍ထင်သည်။ ကောင်လေးလည်း သူ့ကြောင့် ပင်ပန်းနေရရှာပြီ။
ရိပေါ် အိပ်ယာကနိုးလာတော့ သူ့ခန္ဓာကိုယ်က နုံးချိချိဖြစ်နေသည်။ သူအိပ်ယာကထဖို့လုပ်တော့ ကုတင်ပေါ်ကို ခေါင်းမှောက်ကာ အိပ်နေသော ထုထုကိုတွေ့လိုက်ရသည်။ ဘေးမှာလည်းရေဇလုံလေးချထားသည်။
*ညက ငါဖျားသွားတာထင်တယ်*
ကိုယ့်နှဖူးကိုယ်ပြန်စမ်းကြည့်တော့ ကိုယ်ကနွေးတယ်ဆိုယုံလေးသာ။ထုထုက ကုတင်ပေါ်ခေါင်းတင်ပြီးအိပ်နေတာမို့ ဇာတ်နာနေမည်ဆိုးသောကြောင့် နှိုးမှဖြစ်တော့မည်။
"ထုထု...ဟေး..ထုထု"
ပုခုံးလေးကို လှုပ်ကာ နှိုးလိုက်တော့ အိပ်ချင်မူးတူးလေးနဲ့မျက်လုံးဖွင့်ကြည့်လာသည်။"မင်းနိုးပြီလား? သက်သာလား?"
ရှောင်းကျန့်က ပြောပြောဆိုဆိုနဲ့ ရိပေါ်ရဲ့နှဖူးလေးကို အဖျားစမ်းလိုက်သည်။"ကိုယ်တော့အရမ်းမပူတော့ဘူးပဲ"
"အင်း ငါသက်သာပါတယ်"
"ဒီနေ့တစ်ရက် အလုပ်နားလိုက်ပါလား?"
"မနားတော့ပါဘူး၊ ငါသက်သာနေပြီ"
ESTÁS LEYENDO
ကောင်လေး(Complete)
Ficción GeneralYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။