Unicode
ဒီနေ့ နေသာတဲ့နေ့လေးမို့ အခင်းစောင်တွေကိုလျှော်ဖွတ် နေသည်။ အခင်းစောင်တွေကို ရေဇလုံကြီးကြီးထဲကို ထည့်ကာ ခြေထောက်နဲ့ နင်းပြီး လျှော်နေလိုက်သည်။ပါးစပ်ကလည်း တွေ့ကရာ သီချင်းတွေကိုအော်ညည်းရင်း တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေလေသည်။
ကျောင်းပိတ်ရက်တွေမှာ ကျန်းချန်တို့က မြန့်မြန့်ရဲ့အဘွားအိမ်ကိုသွားလည်နေကြသည်။ သူကတော့ အလုပ်နောက်တစ်ခုထပ်ရှာမယ်ဆိုပြီးကျန်နေခဲ့ပေမယ့် ကောင်လေးက ခွင့်မပြုလို့ အိမ်မှာပဲ စာဖတ်လိုက် အိမ်လုပ်လေးလုပ်လိုက်နဲ့သာအချိန်ကုန်နေရသည်။ ညနေပိုင်းအချိန်ပိုင်းအလုပ်လေးသာမရှိရင် တော်တော်ပျင်းနေရော့မယ်။
စောင်တွေလျှော်ဖွက်ပြီးသွားတော့ ဟင်းချက်ဖို့ပြင်လိုက်သည်။ သူ့ရဲ့ဟင်းချက်လက်ရာက တဖြေးဖြေးတိုးတက်လာတယ်လို့ပြောလို့ရသည်။ အရင်ကလို ငန်လိုက်တူးလိုက်တော့မဖြစ်တော့ပေ။ အားတဲ့အချိန်You tube ကနေ လေ့လာပါများလို့ အရင်ကထက်တိုးတက်လာခြင်းဖြစ်သည်။
ကောင်းလေးရဲ့အလုပ်ကို ထမင်းသွားပို့ချင်တာမို့ ကောင်လေးကြိုက်တဲ့ဟင်းတွေရွေးချက်ရမည်။ ဝက်နံရိုးကြော်၊ ကြက်ဥလိပ်ကြော်၊ အစိမ်းကြော်၊အချဥ်ကတော့ ကင်ချီပဲရှိသည်။ အရည်သောက်ကို ဟင်းခါးလေးတစ်ခွက်လောက်ချက်ကာ ဗူးနဲ့ထည့်သွားမည်။ပြင်ဆင်လို့ပြီးတဲ့အခါ ရေလေးခပ်သွက်သွက်ပြေးချိုးကာ အိမ်ကထွက်လာခဲ့သည်။ကောင်လေးကို စပရိုက်တိုက်ဖို့ ကြိုတင်အကြောင်းမထားပဲထွက်လာခဲ့သည်။ ကောင်လေးဆီရောက်ရင် လိုင်းကားစီးလာလို့ အဆူခံရဦးမည်။ကားစီးရင်း ကိုယ်အတွေးနဲ့ကိုယ် ပြုံးမိသွားလို့ ဘေးကလူတွေများကြည့်နေကြမလားလို့မလုံမလဲလေး ဝေ့ကြည့်ရသေးသည်။ မည်သူကမှတော့သတိမထားမိပေ။
ဝပ်ရှော့ရှေ့ရောက်တော့ ကောင်လေးက ရှောင်းဝေကောနဲ့အတူအပြင်ထွက်လာတာကိုတွေ့လိုက်ရတာမို့ ကမန်းကတမ်း အနီးအနားက အပင်နဲ့ကွယ်လိုက်ရသေးသည်။အပင်နောက်ကနေချောင်းကြည့်လိုက်တော့ ကောင်းလေးက ရှောင်းဝေကောကားပေါ််ပါသွားသည်။ကောက ဒီလိုပဲ ကောင်လေးရဲ့အလုပ်ထဲကိုဝင်ထွက်နေကြများလား? လက်ထဲကထမင်းဗူးကိုကြည့်ရင်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။ရင်ထဲမှာလည်း နေလို့မကောင်းချင်သလိုဖြစ်လာသည်။

BẠN ĐANG ĐỌC
ကောင်လေး(Complete)
Tiểu Thuyết ChungYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။