အပိုင်း ၃

4K 602 15
                                    

Unicode

ရှောင်းကျန့် တစ်​ယောက် ည​နေကတည်းက စိတ်ညစ်ပြီး ဝမ်းနည်း​နေတာ​ကြောင့် စိတ်​ပြေလို့​​ပြေငြား   ဂိမ်းထိုင်​ဆော့​နေလိုက်တာ ည၈နာရီ​ကျော်တဲ့အထိပဲ။ ဂိမ်း​ဆော့လို့ဝပြီး စိတ်လည်းအ​တော်​လေး ​ပြေသွား​တော့မှ မနက်အတွက် လိုအပ်တာများ ထုတ်ပိုးပြင်ဆင်​​နေသည်။ အဝတ်စားအနည်းငယ်နှင့် သူ့ရဲ့အချစ်​တော် စာအုပ်​တွေကို စနစ်တကျ သိမ်းဆည်း​နေရင်း စာအုပ်စင်​လေး​ပေါ်က ဘူး​လေးဆီအကြည့်​ရောက်သွားသည်။ ဘူး​လေးကိုလှမ်းယူကာ ဖွင့်လိုက်​တော့ လက်တစ်ဝါးစာ​လောက်ပဲရှိ​သော ဆိုင်ကယ်လ်အရုပ်​လေး၊ အရုပ်​လေးကို တယုတယ ကိုယ်တွယ်ကာ ​​ငေး​မော​​နေရင်း စိတ်အစဥ်က အတိတ်ဆီသို့ ခရီးနှင်သည်။

"ကျွီ"
အခန်းတံခါးဖွင့်သံ​ကြောင့် အရုပ်​လေးကို ​ဘူးထဲ​သေချာပြန်ထည့် ဝင်လာသူကိုလှည့်ကြည့်လိုက်သည်။
"အန်တီ"

ပါးပါးရဲ့အမျိုးသမီးက သူ့အခန်းထဲကို ဝင်လာတာမို့အံ့သြ​သွားရပြီး အခန်းတံခါး​လော့ခ်မချမိတဲ့ ကိုယ့်ကိုကိုယ် စိတ်ထဲက​နေကြိမ်ဆဲမိသည်။

"ကျန့်ကျန့်...မနက်ဖြန်အပြင်မှာထွက်​နေ​တော့မယ်ဆို​တော့ အသုံးလိုမှာဆိုးလို့ မုန့်ဖိုးလာ​ပေးတာ"

သူမက ​​ငွေကဒ်တစ်ခုကိုကိုင်​မြှောက်ပြရင်း​ရှောင်းကျန်းအနားသို့တ​ရွေ့​ရွေ့တိုးကပ်လာသည်။ သူမဝတ်ဆင်ထား​သော ညဝတ်အင်္ကျီမှာ ပါးလွှာလွန်းတာ​ကြောင့် ​အကြည့်လွှဲထားရတဲ့အထိ။

"ရတယ်အန်တီ, ကျွန်​တော်မလိုပါဘူး၊ ပါးပါး​ပေးတာနဲ့​လုံ​လောက်ပါတယ်။ ​နောက်ပြီး ကျွန်​တော် အချိန်ပိုင်းအလုပ်ပါရှာလုပ်မှာဆို​တော့ အဆင်​ပြေ​ပါတယ်"

"​အော်...လူကြီးက​ပေးရင်ယူရတယ်​လေ, ဘာ​တွေအတွန့်တက်​နေတာလဲ?"
​ပြော​ပြောဆိုဆိုပဲသူမက ​ရှောင်းကျန့်ရဲ့ လက်​မောင်းကိုထိကိုင်ရင်း စိတ်မသက်စရာ​ကောင်း​အောင်ပွတ်သပ်လာသည်။ ​ရှောင်းကျန့်က သူမလက်ကို ပုတ်ချလိုက်ပြီး​နောက်ကို​ခြေလှမ်းအနည်းငယ်ဆုတ်လိုက်တဲ့အချိန် သူမက သူရဲ့ ညဝတ်အင်္ကျီအပါး​လေးကို ဗြီကနဲ​နေ​အောင်ဆွဲဖြဲလိုက်ပြီး ​ကြောင်ကာရပ်​နေတဲ့​ရှောင်းကျန်းကိုဆွဲကာ ကုတင်​ပေါ်လှဲချပစ်လိုက်သည်။ လုံးဝကြီးကို ရုတ်တရက်ဖြစ်သွားတာမို့​ရှောင်းကျန့်ပါ သူမနဲ့အတူ ကုတင်​ပေါ်လဲကျသွားရင်း သူမ​အ​ပေါ်ထပ်လျှက်ဖြစ်သွားသည်။

​ကောင်​လေး(Complete)Donde viven las historias. Descúbrelo ahora