အပိုင်း ၁၃

3.2K 326 2
                                    

Unicode

ဆိုင်ကယ်လ်ကိုမြို့ထဲက​နေနာရီဝက်ခန့်​မောင်းလာပြီးတဲ့အခါ ​တောင်တက်လမ်း​လေးတစ်ခုဆီကို​ရောက်လာသည်။ ​တောင်တက်လမ်း​လေးအတိုင်း ​ဖြေး​ဖြေးညင်းညင်း​မောင်းလာပြီး တစ်​နေရာအ​ရောက် ဆိုင်ကယ်လ်ကိုရပ်လိုက်သည်။

ရိ​ပေါ်က ဆိုင်ကယ်လ်​ပေါ်ကဆင်းကာ ​တောင်ကမူ​လေး​ပေါ်မှာ ထိုင်ချလိုက်​တော့​ရှောင်း​ဝေလည်း​ဘေးက​နေကပ်ထိုင်လိုက်သည်။

ရိ​ပေါ်ကဘာစကားမှ မဆိုပဲ ဝင်လုဆဲဆဲ​နေလုံးကြီးကိုကြည့်​နေသည်။သူလည်းတိတ်တဆိတ်သာ ​နေဝင်ဆည်းဆာအလှကို​ငေး​မော​နေလိုက်သည်။

"ဒီ​နေရာက လှတယ်မဟုတ်လား?"

"အင်း အရမ်းလှတယ်"

"ကျွန်​တော် စိတ်အပန်း​ဖြေချင်တဲ့အခါ ဒီမှာလာထိုင်တယ်"

"တကယ်သာယာတဲ့​နေရာ​လေးပဲ၊ အစ်ကို ဒီလို​နေရာမျိုးမှာ စိတ်အပန်း​ဖြေဖို့ ဘာလို့မ​တွေးမိပါလိမ့်"

"​အစ်ကိုရှောင်း​ဝေ​တို့လိုလူ​တွေအတွက်က အခြားစိတ်အပန်း​ဖြေစရာ​တွေအများကြီးရှိ​​နေ​တော့ ဒါမျိုး​တွေကို ​မေ့​နေမှာ​ပေါ့"

"ဒါနဲ့ အစ်ကို့ကို ​ခေါ်ရတဲ့အ​ကြောင်းက?"

"​အစ်ကို့ကို အပန်း​ဖြေ​စေချင်လို့​လေ? , ​​မဟုတ်မှ ကျွန်​တော်​ခေါ်လိုက်လို့ အစ်ကိုအလုပ်ပြတ်သွားလို့လား?"

"ဟင့်အင်း မပြတ်ပါဘူး၊ ​အစ်ကိုလည်းအား​နေတာ၊ အခုလို​နေရာ​လေး​ရောက်လာရ​တော့ စိတ်အပန်း​ပြေသွားတယ်၊ ​ညီ့ကို​ကျေးဇူးတင်ပါတယ်"

ရိ​ပေါ်ဆီကအသံဆက်ထွက်မလာ​တော့ပဲ ​​ခေတ္တတိတ်ဆိတ်သွား​သည်။ အချိန်ခဏ​လောက်တိတ်ဆိတ်သွားပြီးမှ ရိ​ပေါ်က စကားပြန်စသည်။

"အစ်ကို့ အ​ကြောင်း​ပြောပြပါလား?"
ဒီ​နေ့မှ ရိ​ပေါ်က ထူးထူးခြားခြား စကား​တွေအများကြီး​ပြော​​နေသည်။ တစ်ခုခု​တော့မူမမှန်သလိုခံစားရ​ပေမယ့် ​သူ့အတွက် ကောင်း​သောမူမမှန်ခြင်းလို့သာ ခံစားမိလို့ ​ပျော်မိသည်။ ရိ​ပေါ်က သူ့အ​ကြောင်း စိတ်ဝင်စားတယ်ဆိုတာ​ကောင်းတဲ့အရာပဲမဟုတ်လား?

​ကောင်​လေး(Complete)Où les histoires vivent. Découvrez maintenant