Unicode
ထုထုကိုပွေ့ချီကာ အခန်းထဲခေါ်လာပြီး ကုတင်ပေါ်ဖြေးညှင်းစွာချပေးပြီး အပေါ်ကာနေအုပ်မိုးပြီးငေးကြည့်နေလိုက်သည်။ထုထုက မျက်လုံးကြည်ကြည်လေးတွေနဲ့မော့ကြည့်နေသည်။မော့ကြည့်နေတဲ့မျက်လုံးကြည်ကြည်လေးတွေမှိတ်ကျသွားအောင် ငုံ့နမ်းလိုက်သည်၊ပြီးနောက် ပါးမို့မို့လေးတွေရော နှာခေါင်းချွန်ချွန်လေးရော၊ နှုတ်ခမ်းပါးအောက်က မှဲ့နက်လေးကိုပါ တဖွဖွနဲ့အနမ်းချွေချမိသည်။မြတ်နိုးရတဲ့လူသားလေးက မျက်လုံးလေးမှိတ်ကာ ကိုယ့်ရဲ့အနမ်းတွေကို မတ်မတ်မောမောခံယူနေလေရဲ့။
"အရမ်းချစ်တယ်"
တိုးတိုးလျလျဖွဟမိတော့ချစ်ရသူကို မျက်လုံးလေးဖွင့်ကြည့်ကာ နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြရင်း
"ငါရောပဲ"တိုးတိုးလျလျပဲပြန်ပြောလာတယ်။ချစ်သူရဲ့လက်လေးတစ်ဖက်ကိုဆွဲယူကာ ဘယ်ဘက်ရင်အုံနားကပ်ထားလိုက်ရင်း
"ကိုယ့်ရင်ခုံသံကြားရလား?"ချစ်ရသူကအားကျမခံ လက်ကိုပြန်ဆွဲလို့ သူ့ရဘယ်ဘက်ရင်အုံးနားကပ်စေလိုက်ပြီး
"ငါရော.."
ချစ်သူရဲ့ခေါင်းလေးကိုသေချာထိန်းကိုင်လို့ နှုတ်ခမ်း ပါးလေးတွေနောက်တစ်ကြိမ်အနမ်းချွေမိပြန်သည်။နုနုအိအိ နှုတ်ခမ်းပါးလေးက ရူးလောက်အောင်ဆွဲဆောင်သည်။စိတ်မထိန်းနိုင်စွာပဲ နှုတ်ခမ်းတစ်ခုလုံးကိုငုံထွေးကာ ဆွဲယူနမ်းရှိုက်ပစ်လိုက်သည်။သူ,စိတ်လွတ်ကိုယ်လွတ် နမ်းရှိုက်နေရင်း ထုထုကသူ့ရင်ဘက်ကို လက်နဲ့ပုတ်လာမှသူအသိဝင်လာတယ်။ သူခဏလွှတ်ပေးလိုက်တော့ ထုထုက လေကို အသည်းအသန်ရှူရှိုက်နေတယ်၊ သူ့နှဖူးနဲ့ ထုထုရဲ့နှဖူးလေးကိုထိထားရင်း အသည်းအသန်အသက်ရှူနေတဲ့မျက်နှာလေးကို ရီဝေဝေငေးကြည့်နေမိတယ်
"ချစ်တယ်....." ချစ်သူရဲ့နားနားလေးကိုကပ်ကာ ခပ်တိုးတိုးပြောရင်း နားထင်ဆက်လေးကို ခပ်ဖွဖွအနမ်းခြွေလိုက်တယ်....
ခဏလောက်ဘာစကားမဆိုမိပဲတစ်ယောက်မျက်နှာကိုတစ်ယောက် မြတ်မြတ်နိုးနိုးငေးကြည့်နေမိကြပြန်သည်။
ESTÁS LEYENDO
ကောင်လေး(Complete)
Ficción GeneralYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။