ပတ်ဝန်းကျင်မှာ အေးစိမ့်သော လေပြည်တွေ တိုက်ခတ်နေသည်။ လူနေအိမ်ခြေတွေနှင့် ဝေးရာ ခြံဝန်းကျယ်ကြီးထဲမှာလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် ရဲတိုက်တမျှ စံအိမ်ကြီးကို အုပ်မိုးထားသော လေထုအေးအေးထဲမှာတော့ ကလေးတစ်ယောက်၏ ရယ်သံလွင်လွင်လေး စွက်နေ၏။
"ဘွားဘွား ဘွားဘွား! ဒီမှာကြည့်!"
မြက်ခင်းပြင်ပေါ် ဖြတ်ပြေးလာသော အသားဖြူဖြူ ကလေးလေးရဲ့ လက်ထဲမှာတော့ ယုန်လေးတစ်ကောင်ရှိနေသည်။
"ဒီကောင်လေး ချစ်စရာလေးနော် ဘွားဘွား"
"အင်း... ဘယ်ကရတာလဲ Bao Bao?"
"ခြံစောင့်ဦးလေး ဖမ်းပေးတာ! ခစ်ခစ်... ချစ်စရာလေး"
ကလေးလေးက ယုန်လေးကို ထွေးပိုက်ကာ ပျော်နေသည့်ဟန်။ သူ့အဘွားက ပြုံးသည်။ ဒါပေမဲ့ သိပ်တော့ မကြည်ရွှင်လှ။
သူ့မြေးလေး ဒီယုန်အပေါ် စိတ်ကုန်သွားတဲ့အခါ ဒီယုန်လေးက သူ့အတွက် အစာဖြစ်သွားမယ်ဆိုတာ သိနေမိတယ်လေ...
"ကဲ... ကဲ... ဘွားဘွား စာဖတ်လိုက်ဦးမယ်။ မြေးလေး သွားဆော့လေ"
"ဟုတ်... ဘွားဘွား"
ပြေးထွက်သွားသော သူ့မြေးလေးက ယုန်လေးကိုပိုက်ကာ သွက်လက်လို့နေသည်။ ကောင်လေးက အိမ်ထဲသို့ရောက်သည်နှင့် တစ်စုံတစ်ယောက်ကို လိုက်ရှာသလို ဟိုပြေးဒီပြေး ဟိုကြည့်ဒီကြည့် ဖြစ်နေသည်။ နောက်ဆုံး လှေကားထစ်မှာ ထိုင်နေသည့် ကောင်လေးတစ်ယောက်ကို တွေ့မှ အပြေးရပ်တော့သည်။
"Jin Jin! ဒီမှာကြည့်!"
လှေကားထစ်ပေါ်မှာ ထိုင်နေသည့်ကောင်လေးက တစ်ချက်မော့ကြည့်သည်။ မျက်မှောင်ကြုတ်နေပုံက လူကြီးလေးအတိုင်းပင်။
"ငါ့နာမည် Jin Jin မဟုတ်ဘူး။ Jin က ငါ့အမေရဲ့ မျိုးရိုးနာမည်"
"သိပါတယ် Jin Jin ကလည်း။ ဒီမှာ ကြည့်ဆို။ လှလား ယုန်လေးက..."
"အင်း... လှပါတယ်"
မပွင့်တပွင့် မပီတပီနှင့် စိတ်မပါတပါ ဖြေသော အဖြေပေမဲ့ ယုန်ပိုက်ထားသော ကောင်လေးက ကျေနပ်သွားသလိုပင်။ သူ့ရင်ထဲမှာ တဆတ်ဆတ် တုန်နေတဲ့ ယုန်လေးရဲ့ အမွှေးကို ပွတ်သပ်နေသည်။
YOU ARE READING
MYSTERY [OT12]
Mystery / Thrillerကျောခိုင်းသွားတဲ့ ကံကြမ္မာတွေ ဆယ်နှစ်အကြာမှာ ပြန်လည်ဆုံစည်းကြတဲ့အခါ....