M Í D È N G
[迷瞪]
P U Z Z L E D
ဒီနေ့ညလည်း သူတို့တွေ Yifan နှင့် Zitao ၏ အခန်းတွင် ထပ်ဆုံဖို့ဆုံးဖြတ်ကြပြန်၏။ သို့သော် ပထမဆုံး အခန်းထဲရောက်နေသူက Jong In. ကျောင်းလွှတ်လို့ ရေချိုးပြီးပြီးချင်းထွက်လာပုံရသည်။ Zitao ကုတင်စွန်းမှာ ခေါင်းအုံးကိုဖက်ကာ လှုပ်နေလိုက်၊ နာရီကြည့်လိုက်နှင့် ဂဏှာမငြိမ်ဖြစ်နေလို့ Tao မျက်စိနောက်စွာပဲ ဘေးမှာရှိတဲ့ စာအုပ်နဲ့ ကျောကုန်းကိုချရင်း မေးမိသည်။
"အဲ့ဒါဘာဖြစ်နေတာတုန်း..."
"ငါ Jongdae hyung ကို စောင့်နေတာ။ အခုထိမရောက်သေးဘူး..."
JongIn စကားမဆုံးခင်ပဲ တံခါးပွင့်သံထွက်လာတာမို့ နှစ်ယောက်လုံး တံခါးဆီ လှမ်းကြည့်မိသည်။ Jongin ဆို မတ်တပ်တောင် ထရပ်သည်။
"ဟိုကောင်... ဘာဖြစ်နေတာလဲ..."
Chanyeol က Jongin ကို ကြည့်ရင်း မေးသည်။ အခန်းထဲဝင်လာသူက Chanyeol နှင့် Sehun ပဲ ဖြစ်ကာ Jongdae မပါတာမြင်တော့ Jongin မဲ့လိုက်ကာ ကုတင်ပေါ် ပြန်ထိုင်ချမိပြန်၏။
"Jongdae hyung ကို စောင့်နေတာတဲ့..."
"ဘာလဲ... Chen-chen ရောက်မလာသေးဘူးလား"
မေးရင်း ရေချိုးခန်းထဲမှ ထွက်လာသူက Yifan. Chanyeol က မျက်ခုံးပင့်ပြရင်း Kris ရဲ့ ကုတင်ပေါ်မှာ Sehun နှင့်အတူ ဝင်ထိုင်သည်။
"အခုမှရေချိုးတာလား... Gym အတန်းကနေ အစောကြီးပြန်သွားပြီးတော့...."
"အေး... ပျင်းလို့ စာထိုင်ဖတ်နေတာ။ Chen ပဲ ကျန်တော့တာလား။ ပုံမှန်ဆိုသူအစောဆုံးပဲကို...."
Yifan က Jongdae ရဲ့ နာမည်ပြောင်ကို တွင်တွင်သုံးရင်းမေးလျက်က အခန်းကို မျက်လုံးနှင့်စကင်ဖတ်သည်။ Zitao က ပခုံးတွန့်ပြ၏။
"သူအလုပ်များနေလို့နေမယ်၊ ဖုန်းခေါ်လိုက်ရမလား...."
"ခေါ်ပြီးပြီ။ လာခဲ့မယ်တဲ့... အခုလာနေပြီဆိုပြီး message ပို့ထားတာ ဆယ်မိနစ်လောက်ရှိပြီ"
Jongin က ဖုန်းကြီးတထောင်ထောင်နှင့် မကျေမနပ်ရေရွတ်ရင်း တံခါးကသိုဏ်းဆက်ရှုနေ၏။
YOU ARE READING
MYSTERY [OT12]
Mystery / Thrillerကျောခိုင်းသွားတဲ့ ကံကြမ္မာတွေ ဆယ်နှစ်အကြာမှာ ပြန်လည်ဆုံစည်းကြတဲ့အခါ....