X U Á N X Ū
[玄虚]
M Y S T E R Y
"ငါတော့ သူတို့ကို ဘယ်လိုမှသဘောမကျဘူး..."
Zitao က စာအုပ်ကို ဘေးကစားပွဲပေါ်ပစ်တင်လျက် ကလေးဆန်ဆန် မျက်နှာလေးရှုံ့မဲ့ရင်း ပြောသည်။
"ဘယ်သူမှ သူတို့ကို သဘောမကျဘူး Tao"
Yifan က "မင်းပြောမှလား" ဆိုသည့် အသံနေအသံထားနဲ့ အပြစ်သလိုပြောရင်း သူလည်းပဲ ဖတ်နေသည့် စာမျက်နှာပေါ် လက်ညိုးတင်ကာ စာအုပ်ကို ပိတ်လိုက်၏။
အခန်းထဲက တခြားသူတွေကလည်း စာကျက်နေရတာ ပျင်းနေတာမို့ စာအုပ်ကိုယ်စီ ပိတ်လိုက်ကြသည်။ စကားလမ်းကြောင်း ပြောင်းလို့ရပြီကိုး...
"ဘယ်သူက ကြိုက်မှာလဲ။ မျက်နှာတည်ကြီးတွေနဲ့ဟာကို။ ကြောက်စရာ..."
Jong In က ပခုံးတွန့်ပြရင်းဆိုသည်။ သူက ညာဘက်က Zitao ၏ ကုတင်ကို တစ်ယောက်တည်း မောင်ပိုင်စီးထားတာ ဖြစ်သည်။
"မင်းတို့သတိထားမိကြလား... သူတို့ စိုက်ကြည့်လိုက်ရင် ရင်ထဲအေးခနဲ ဖြစ်သွားတာလေ... ဟူး... မလွယ်ဘူး"
ထိုစကားထွက်လာတာက Chanyeol ပေါင်ပေါ်ကခေါင်းအုံးပေါ် လှဲနေသည့် Jongdae ဆီမှ ဖြစ်သည်။ Chanyeol က ဟက်ခနဲရယ်သည်။
"မင်းကမှ တော်သေးတယ်။ ငါ့အခန်းထဲက Luhan ဆို ဘာကြီးမှန်းမသိဘူး... ရယ်သံကလည်း ကြောက်စရာရယ်"
ပြောပြီးပြီးချင်း ပေါင်ပေါ်က Jongdae ကို တွန်းချတော့ Jongdae က မျက်နှာမဲ့ကာ လက်သီးဆုပ်ပြ၏။
"ဟုတ်တယ်... ကျွန်တော်သိတယ်"
Jong In က Chanyeol စကားကို ထောက်ခံသည်။
"ရောက်ရောက်ချင်း သူ့ကိုမြင်လိုက်တော့ လန့်သွားတာပဲ။ မီးအကုန်မဖွင့်ထားလို့ မှောင်နေပါတယ်ဆိုမှ အခန်းကလည်း အေးစက်နေတာ aigoo...."
"ညမမှောင်သေးလို့ မီးမဖွင့်ထားတာပါကွာ။ ပြီးတော့ အခန်းအေးတာက ငါအအေးလျှော့ထားလို့ပါ..."
ဒရာမာကွင်းလုပ်နေသည့် Jong In ကို Chanyeol ရုပ်တည်နဲ့လှမ်းပြောတော့ ကောင်လေးက မျက်စောင်းထိုးသည်။
YOU ARE READING
MYSTERY [OT12]
Mystery / Thrillerကျောခိုင်းသွားတဲ့ ကံကြမ္မာတွေ ဆယ်နှစ်အကြာမှာ ပြန်လည်ဆုံစည်းကြတဲ့အခါ....