| 09 | U | JIÉ MÍ

105 20 2
                                    

J I É M Í

解谜

S O L V E

T H E

R I D D L E

"ပဟေဠိဆိုတဲ့နာမည်ကိုက ပဟေဠိဆန်တယ်လို့ မင်းမထင်ဘူးလား... ငါကတော့ထင်တယ်"

သန်းခေါင်ယံအလား မှောင်မိုက်ရာမှသည် ကင်းဗတ်တစ်စအလား ဆွတ်ဆွတ်ဖြူလာသော မြင်ကွင်းသည် အဆင့်မြင့်မြင့် ကင်မရာရိုက်ချက်တစ်ခုလို နှေးကွေးလှပစွာ။ ဆိုးတာက ထိုမြင်ကွင်းသည် ဇာတ်ကားတစ်ကားထဲမှ မဟုတ်ဘဲ Chanyeol မျက်လုံးထဲမှ မြင်ကွင်းဖြစ်နေခြင်းပင်။

ပျို့အန်ချင်စိတ်က လည်ပင်းကို ကြမ်းတမ်းစွာ ကလူကျီစယ်တော့ သူအသက်ရှူမဝသလို ဖြစ်လာရင်း မျက်လုံးကို ကြိုးစားဖွင့်ယူလိုက်သည်။ မျက်လုံးပွင့်သွားသည့်အခါ ထိုအဖြူရောင်အလင်းထဲမှာပင် ခပ်ဝါးဝါး ကောက်ကြောင်းကို ဆက်စပ်မိသွားသည်။ မျက်နှာတစ်ပြင်၏ outline...

တစ်စုံတစ်ယောက်က Chanyeol ကို ငုံ့ကြည့်နေသည်။

"ပဟေဠိတစ်ခုကို ဖြေရှင်းရတာထက် ပိုခက်ခဲတဲ့အရာကိုသိလား ဖျောက်ချန်းလျဲ့?"

သူစိမ်းတရံဆန်လျက်က ရင်းနှီးနေသော ထိုအသံသည် နားထဲသို့ ဇွတ်တရွတ် ချဉ်းနင်းလာသည်။ ထိုအသံလိုပင် မေ့ဆေးပြင်းပြင်းနှင့် ဆင်တူသည့် မွှေးရနံ့စူးစူးကလည်း သူ့အသိစိတ်ကို ဗြောင်းသတ်အောင် ပြုစားနေ၏။

ထိုမျက်နှာကဝေးသွားကာ အခြားအရာတစ်ခုက မြင်ကွင်းထဲရောက်လာသည်။ ခပ်သေးသေး အရာတစ်ခုကို ကြည့်ရင်း စိတ်ရှုပ်ထွေးစွာ ဘေးကို လက်ဖြင့်ထောက်လိုက်တော့ လက်ဖဝါးတွေ ပွန်းပဲ့သွားသလို ခံစားရသည်။ သို့သော် ထိုနာကျင်မှုထက် ကြောက်ရွံ့ခြင်းက သူ့ကို ပိုမိုညှင်းဆဲ၏။

"အဲ့ပဟေဠိကို ဝှက်ရတာလေ"

လေထဲမြောက်တက်လာသောအရာသည် ဖိနပ်တစ်ဖက်ဖြစ်မှန်း Chanyeol သိလိုက်ချိန်မှာတော့ တော်တော်ကြျိး

အချိန်လင့်သွားခဲ့ပြီဖြစ်သည်။ ထိုဖိနပ်က ပြင်းထန်သောအရှိန်ဖြင့် သူ့မျက်နှာပေါ် ကျရောက်လာချိန်မှာ Chanyeol ကမ္ဘာကြီး ညဉ့်နက်သွားပြန်လေ၏။

You've reached the end of published parts.

⏰ Last updated: Sep 16, 2021 ⏰

Add this story to your Library to get notified about new parts!

MYSTERY [OT12]Where stories live. Discover now