C Ā I M Í E R
[猜谜儿]
G U E S S
T H E
R I D D L E
Yixing သည် ကြမ်းပြင်ပေါ်လဲကျသွားသည့် ကောင်လေးကို လက်ပိုက်ကာ ငေးကြည့်နေရင်း ပြုံးမိလိုက်သည်။
"ဟက်"
Yixing အခန်းတံခါးကို မျက်လုံးလှန်ကြည့်လိုက်သည်။ တံခါးနောက်မှာ ရပ်နေတဲ့သူတွေ ဘယ်သူလဲဆိုတာ သူခန့်မှန်းစရာမလိုပါ။ Kim Jongdae ရဲ့ အတွေးတွေကို သူကြားပြီးသားမို့ ဘယ်သူတွေလိုက်လာတယ်ဆိုတာလည်း သူသိပြီးသားပဲမလား။
Yixing လက်တစ်ချက်လှုပ်လိုက်တော့ အခန်းတံခါးက ဖွင့်သည့်သူမရှိပါဘဲနှင့် အလိုလို ပွင့်ဟသွားသည်။ သူဖိတ်ခေါ်သလို ခေါင်းဆတ်ပြလိုက်တော့ တံခါးဝမှာ မတ်တပ်ရပ်နေသူနှစ်ဦးက အခန်းထဲလှမ်းဝင်လာ၏။
"အစာကို မကစားရဘူးဆိုတာ မင်းမကြားဖူးဘူးလား"
Junmyeon က ကြမ်းပေါ်တစောင်းလဲကျနေတဲ့ ကောင်လေးရဲ့ ခြေထောက်တွေကို ခွကျော်ကာ အခန်းထဲ လှမ်းဝင်လာခဲ့သည်။ Kyung Soo ကတော့ အခန်းထဲမဝင်ဘဲ Jongdae ကို ကြည့်နေ၏။
"သူက ငါတို့အစာမှ မဟုတ်တာ"
"အခုလောလောဆယ်ပေါ့။ ပြီးရင် ဖြစ်လာမှာပဲဟာ"
Yixing စောဒကတက်တာကို Junmyeon က ရိုက်ချပစ်သည်။ Kyung Soo က လက်ယမ်းလိုက်၏။
"အဲဒါထားပါဦး။ ခုနက မြင်သွားတဲ့လူက သူမဟုတ်လား"
"ဟုတ်တယ်လေ။ ပြီးတော့..."
Junmyeon က စကားစဖြတ်ထားရင်း Yixing ကို မျက်စောင်းလှည့်ထိုးသည်။
"မင်းသူ့ကို ခြောက်လိုက်သေးတယ် မဟုတ်လား။ အဲ့ဒါကြောင့် ငါသူ့ကို အဲ့လိုဖြစ်အောင် လုပ်လိုက်ရတာ"
Junmyeon က "အဲ့လို" လို့် ပြောရင်း Jongdae ခြေသလုံးကို တစ်ချက်ကန်လိုက်သည်။ အားမပါသလောက်နီးပါး ခပ်ဖြည်းဖြည်း ကန်လိုက်တာပေမဲ့ Jongdae က တစ်ပတ်လိမ့်သွားကာ ဖွင့်ထားသည့် တံခါးစောင်းနှင့် သွားတိုက်မိ၏။ Yixing ကျစ်ခနဲ စုတ်တစ်ချက်သပ်လိုက်သည်။
YOU ARE READING
MYSTERY [OT12]
Mystery / Thrillerကျောခိုင်းသွားတဲ့ ကံကြမ္မာတွေ ဆယ်နှစ်အကြာမှာ ပြန်လည်ဆုံစည်းကြတဲ့အခါ....