S H É N MÌ
[神秘]
M Y S T E R Y
"ဆရာ Kang လာနေပြီကွ"
အတန်းခေါင်းဆောင် Kim Jong Dae ၏ အသိပေးသံနောက်မှာ တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုသူတွေနှင့် ဆူညံပွက်လောရိုက်နေသော စာသင်ခန်းက ငှက်မွေးကျသံကိုပင် ကြားရတော့မလောက် တိတ်ဆိတ်သွားလေသည်။
"ဆရာ့ကို နှုတ်ဆက်ကြပါ"
စာသင်ခန်းထဲကို လှမ်းဝင်လာသည့် ဆရာ့ကို ကြည့်ရင်း Jongdae မတ်တပ်ရပ်ရင်း အော်လိုက်သည်။ အခြားသော ကျောင်းသားတွေကလည်း ဝိုင်းဝန်းနှုတ်ဆက်ကြပါ၏။
သို့သော် တစ်တန်းလုံးနီးပါးရဲ့ အကြည့်တွေက ဆရာ့ဆီမှာထက် ဆရာအနောက်ကနေ စာသင်ခန်းထဲ အလျှိူလျှိူဝင်လာသည့် ကျောင်းသားခြောက်ယောက်ဆီမှာသာ ဖြစ်သည်။
အသားဖြူဖြူသန့်သန့်နှင့် မတ်တပ်ရပ်နေပုံမှာတင် လူရည်မွန်ဟန်ပါသော ထိုခြောက်ယောက်လုံးရဲ့ နှုတ်ခမ်းပေါ်မှာ ဝတ်ကျေတန်းကျေ မျဉ်းကွေးလေးတွေ ရှိနေသည်။ ကြောက်ရွံ့ထိတ်လန့်ဟန်မရှိ၊ လောကကြီးတွင် သူတို့အတွက် နေရာကျယ်တစ်ခုရှိကြောင်း နားလည်သဘောပေါက်ထားဟန်နှင့် မျက်လုံးတွေ တောက်ပလျက်ရှိ၏။
"ဒီကျောင်းသားသစ်တွေက ဂန်ဝန်ဒိုအထက်တန်းကျောင်းကနေ ပြောင်းလာတဲ့သူတွေပါ။ မင်းတို့ရဲ့ သူငယ်ချင်းအသစ်တွေပေါ့"
ဆရာ Kang က ကိုယ့်ကိုယ်ကို မိတ်ဆက်စေချင်သည့် သဘောနှင့် ကောင်လေးတွေကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ကောင်လေးတွေက အခြားကျောင်းသားတွေကို စူးစိုက်ကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်ကြ။
"ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပါ"
ဆရာ Kang ရဲ့ စကားကြားတော့ ဆရာနှင့် အနီးဆုံးမှာ ရပ်နေသည့် ကောင်လေးက စကာ မိတ်ဆက်သည်။
"ကျွန်တော့်နာမည် Baekhyun ပါ"
"ကျွန်တော်က Kyungsoo ပါ"
"Luhan လို့ခေါ်ပါတယ်"
"Yi Xing လို့ပဲခေါ်ကြပါ"
YOU ARE READING
MYSTERY [OT12]
Mystery / Thrillerကျောခိုင်းသွားတဲ့ ကံကြမ္မာတွေ ဆယ်နှစ်အကြာမှာ ပြန်လည်ဆုံစည်းကြတဲ့အခါ....