S H É N À O
[神奥]
M Y S T E R I O U S
"အဖြစ်ကတော့ အဲ့ဒါပဲကွာ"
Jongdae က ပြောပြီးပြီးချင်း ဘေးနားမှာချထားသည့် လိမ္မော်ရည်ခွက်ကို တစ်ဟုန်ထိုး ကောက်မော့ပြီး အအေးစွန်းပေသွားသည့် နှုတ်ခမ်းစွန်းကို အင်္ကျီလက်စွန်းနှင့် သုတ်ပစ်လိုက်၏။ သူ့စကားကို စိတ်ဝင်တစား ငြိမ်သက်စွာ နားထောင်နေသည့် တစ်ဖွဲ့လုံးလည်း အခုမှ ပြန်အသက်ဝင်လာတော့သည်။
"ဟိုလေ.."
လက်ဖဝါးအချင်းချင်းပွတ်ကာ ခပ်ဖြည်းဖြည်းပြောသည့် Jongin ကို Jongdae မေးဆတ်ပြလိုက်သည်။
"ပြော"
"ကျွန်တော့်ခေါင်းမှာ ချိုထွက်တယ်လို့မြင်တာ ဘယ်တုန်းကလဲဟင်"
Jongdae မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါပြောသမျှအကုန်ကြားပြီးမှ မင်းမှာမေးစရာက အဲ့ဒါပဲရှိတာလား..."
"ဟီး... သိချင်လို့ပါ"
Jongdae ကို သွားဖြဲပြရင်း JongIn အသာငြိမ်နေလိုက်သည်။ တော်ကြာ ရုံးခန်းကိုစာမရေးပေးဘူးဆိုပြီး ဈေးဆစ်နေမှ ပိုက်ဆံအိတ်ကြည့်ပြီး ငိုနေရဦးမည်။
"Hyung မြန်မြန်စာရေးပေးပါ... ကျွန်တော် သူတို့ကို သေချာလေ့လာမှ ဖြစ်မယ်"
Sehun စကားက ကြောင်တောင်တောင်ရယ်။ ဒါပေမဲ့ Jongdae စောဒကမတက်ပဲ ခေါင်းသာညိတ်လိုက်သည်။
"ငါအကြမ်းရေးပြီးပြီ။ အချောရေးပြီး အဆောင်မှူးကနေတစ်ဆင့် စီမံခန့်ခွဲဆီကို အပ်လိုက်ရုံပဲ... ကံကောင်းရင် ဒီနေ့ညနေမှာပဲ မင်းတို့အခန်းပြောင်းရမယ်"
"တော်သေးတာပေါ့... ကျွန်တော်ကတော့ အဲ့ဒီ့ Baekhyun ဆိုတဲ့တစ်ယောက်နဲ့ တစ်ညတောင် ထပ်မနေချင်ဘူး။ ကျောချမ်းလို့"
Jongin ပြောတော့ Zitao က ကျောလေးတွန့်ကာ ကြောက်သည့်ပုံ လုပ်ပြသည်။
"တော်သေးတာပေါ့... ကျွန်တော်က Yifan Ge နဲ့ အခန်းတူလို့"
"ငါကတော့ ကံမကောင်းဘူး။ သူက ချွတ်ခနဲ အသံကြားတာနဲ့ ဟိုဘက်ကုတင်ကနေ ဒီဘက်ကုတင်ပေါ်ခုန်ကူးပြီး ငါ့ကို လာလာဖက်ထားတာလေ... ကြောက်တယ် ge ge ဆိုပြီး"
YOU ARE READING
MYSTERY [OT12]
Mystery / Thrillerကျောခိုင်းသွားတဲ့ ကံကြမ္မာတွေ ဆယ်နှစ်အကြာမှာ ပြန်လည်ဆုံစည်းကြတဲ့အခါ....