| 07 | U | MÍ YŬ

33 12 1
                                    

M Í Y Ŭ

[谜语]

C O N U N D R U M

"မင်းအမေက ပန်းအဖြူရောင်တွေနဲ့ ကြည့်ကောင်းပါတယ်..."

"မင်းအမေက ပန်းအဖြူရောင်တွေနဲ့ ကြည့်ကောင်းပါတယ်..."

"မင်းအမေက ပန်းအဖြူရောင်တွေနဲ့ ကြည့်ကောင်းပါတယ်...."

ထိုစကားက ထပ်တလဲလဲ ပဲ့တင်ရိုက်သံလို Sehun ခေါင်းထဲပေါ်လာချိန် မြင်နေရတာက ကောင်လေးတစ်ယောက်ရဲ့ အပြုံး။ ဘေးတိုက်မြင်ရသော ကလေးခပ်ငယ်ငယ်ရဲ့ အပြုံးသည် နှစ်လိုဖွယ်ကောင်းသလောက် နာကျည်းစရာကောင်းနေပြန်သည်။

"မင်းအမေက ပန်းအဖြူတွေနဲ့ ကြည့်ကောင်းပါတယ်...."

ထိုနှုတ်ခမ်းသေးသေး လေး လှုပ်ရှားသွားချိန် ပုံရိပ်က သုံးထပ်ကွဲထွက်သွား၏။ Sehun ကို ပြုံးကြည့်ရင်းပြောနေသည့် Junmyeon နှင့် Minseok ၏ မျက်နှာက ကလေးလေး၏ မျက်နှာနှင့် ရောသွားလိုက် ကွဲသွားလိုက်...

"မင်းအမေက ပန်းအဖြူတွေနဲ့ ကြည့်ကောင်းပါတယ်... Oh Sehun."

"ဂျိန်း!"

အပြင်က မိုးခြိမ်းသံနှင့်အတူ Sehun နိုးလာခဲ့သည်။ နိုးနိုးချင်းမြင်လိုက်ရတာက ကုတင်ဘေးမှ မျက်နှာတစ်ခု။ Sehun ခေါင်းအုံးအောက်မှ ဓားမြှောင်ခပ်သေးသေးကို လက်နှင့်ဆွဲထုတ်ကာ ထိုမျက်နှာပိုင်ရှင်၏ ဗိုက်ကိုချိန်ရွယ်ခုတ်လိုက်၏။ သို့သော် မအောင်မြင်လိုက်။ ဓားသွားက ဘာကိုမှမထိရသေးခင် သူ့လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က လှမ်းဖမ်းကိုင်လိုက်သည်ကိုး...

"စိတ်လျှော့စမ်းပါ"

လက်ပိုင်ရှင်ဆီမှ အသံတိုးတိုးထွက်လာသလို အိပ်ရာနှင့်အနီးဆုံးမီးကလည်း ဖျတ်ခနဲလင်းလာတော့သည်။

"မင်း...."

"ငါက လုဟန်"

ကောင်လေးက စကားဖြတ်ပြောတော့ Sehun အံကြိတ်မိသည်။

"ငါသိပြီးသား"

"သိပြီးသားဆိုရင်လည်း မမိတ်ဆက်တော့ပါဘူးလေ။ အဲ့ဒီ့ခဲတံချွန်ဓားလေးကို ပစ်ချလိုက်စမ်းပါ။ ငါ့ကို အဲ့ဒါက သိပ်ထိခိုက်နိုင်မှာမဟုတ်တာ မင်းသိရဲ့သားနဲ့..."

MYSTERY [OT12]Where stories live. Discover now