6. မဲဘုန်း ခရီးစဥ်မှာ စတွေ့သော ပေါင်မုန့်ထုပ်များ

987 62 0
                                        

Unicode

နိုအာ ဒါရိုက်တာဂျွန် နှင့်အတူ Construction site အသစ်တစ်ခုအတွက် Decoration အပ်ထားသော နေရာသို့ စစ်ဆေးရန် မဲဘုန်းမြို့ (Melbourne) သို့ သွားရသည်။ ဆစ်ဒနီမြို့မှ မဲဘုန်းမြို့သို့ ကီလိုမီတာ ၈၇၈ မျှ ကွာဝေးသောကြောင့် ဒါရိုက်တာဂျွန် မှာမူ သူ၏ကိုယ်ပိုင်ကားဖြူလေးအား ၉ နာရီမျှကြာအောင် မောင်းနှင်ခဲ့ရလေသည်။

နိုအာမှ အများသုံးရထားတို့၊ ကားတို့နှင့် မသွားဘူးလားလို့ မေးသော်လည်း ဂျွန်သည် လူအရမ်းများသည့် ယာဥ်လိုင်းများကို သဘောမကျချေ။ ထို့ကြောင့် ကိုယ်တိုင် အပင်ပန်းခံ၍သာ ၉ နာရီကျော်ကြာသော ခရီးကို မောင်းနှင်လာခဲ့သည်။
ခရီးလမ်းတထောက် ခဏတဖြုတ်နားကြ၍ ဆီဆိုင်ရှိ စတိုးဆိုင်များတွင် ဂျွန် ကိုယ်တိုင်ဆင်း၍ ရေသန့်နှင့် အသင့်စားမုန့်ထုပ်များကို ဝယ်ယူသည်။ နိုအာ့လက်ထဲသို့ မုန့်ထုပ်များထည့်ပေးကာ အဆာပြေစားစေသည်။ လမ်းဘေးတဖက်တချက်တွင် ကားရပ်နားကာ ခေတ္တအနားယူသည်။ ပြီးနောက် ဆက်၍ ကားမောင်းလေသည်။

မနက် ၁၀ နာရီမှ စ၍ Dream Island Company မှ ထွက်ကာ ဒါရိုက်တာဂျွန် နှင့် နိုအာ မဲဘုန်းသို့ ခရီးစခဲ့ရာ နေ့လည် ၂ နာရီတွင် ခရီးတဝက်သို့ရောက်လေသည်။

"နိုအာ...ဗိုက်ဆာပြီမဟုတ်လား''

ဂျွန်၏ ဘေးဘက် Lover Seat တွင် ထိုင်ကာ အနည်းငယ် ငိုက်မြည်းနေသော နိုအာ တစ်ယောက် ဂျွန့်အသံကြောင့် နိူးကြားလာလေသည်။ မနက်စာနည်းနည်းသာ စားခဲ့ရသောကြောင့် အခုချိန် တကွီကွီဆာလောင်နေသောဗိုက်အား ပွတ်သပ်လိုက်ရင်း ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်...ကျွန်တော် ဗိုက်ဆာနေပြီ''

"မင်း အိပ်ပျော်နေရင်း မင်းဗိုက်က အသံတွေမြည်နေတာ ဆိုတော့ အတော်ဗိုက်ဆာနေပုံပဲ''

"အ....'' နိုအာ အနည်းငယ် ရှက်သွားမိလေသည်။

"ဒီအနီးနားမှာ ကိုယ်ဒီ ဆိုင်လေးတွေ့ထားတယ် အစညးအသောက်က မင်း ကြိုက်ပါ့မလားတော့ မသိဘူး ဗိုက်တော့အဆာပြေမှာပါ''

"ဟုတ်...အဆင်ပြေပါတယ် ကျွန်တော်က အစားမရွေးတော့ဘူး အကုန်စားနေပြီဗျ''

ARE YOU 18? [COMPLETED]Where stories live. Discover now