12.ညို့ယူဖမ်းစားနေသော ဂျွန်

753 52 0
                                    

Unicode

"နိုအာ..နိုအာ''

"ဗျာ...အ..ဟုတ်''

ဂျွန်နှစ်ကြိမ်မျှခေါ်ကာမှ အတွေးလွန်နေသည့်နိုအာသတိပြန်လည်လာတော့သည်။ နိုအာတစ်ယောက် ကယောင်ကတမ်းဖြင့် 'ဗျာ' ဟုပင်မြန်မာလိုထူးမိလေသည်။

"ဘာတွေအတွေးလွန်နေတာလဲ..မင်းအဆင်ပြေရဲ့လား''

ဂျွန်ကနိုအာ့အားစေ့စပ်စွာကြည့်သည်။

"မင်းရဲ့အဆောင်ရဲ့လမ်း​ထိပ်ရောက်ပြီ..နေရောကောင်းရဲ့လား ကိုယ်ဆေးခန်းလိုက်ပို့ပေးရမလားပြော''

"အ..မဟုတ်ပါဘူးကျွန်တော်နေကောင်းပါတယ် ဟိုဟိုဒီဒီတွေတွေးနေမိလို့ပါ ကျွန်တော်ဆင်းတော့မယ်နော်ကျေးဇူးတင်ပါတယ်ဒါရိုက်တာဂျွန်''

ဂျွန်ကနိုအာ့ပုခုံးလေးအားဆက်ကနဲလက်ဖြင့်ဆုပ်ကိုင်လိုက်ပြီးမျက်လုံးအားစိုက်ကြည့်လျက်တည်ကြည်စွာဆိုသည်။

"မင်းအဆင်မပြေတဲ့အကြောင်းတွေက ကိုယ့်ကြောင့်ဆိုရင်ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် စိတ်ရူပ်စရာမလိုဘူး ကိုယ်ပြောတာနားလည်လား''

နိုအာ ဂျွန်၏ပရင်းရောင်မျက်ဆံများကိုစိုက်ကြည့်မိနေပြီးလိမ်မပြောချင်တော့ပေ။ နိုအာမိမိမျက်နှာထက်၌လည်း စိတ်ရူပ်ထွေးအံ့သြမှုတို့ကအတိုင်းသားပေ။ ထို့ကြောင့် နိုအာသူ့အတွေးများကိုအမှန်အတိုင်းပြောပြဖို့သာတတ်နိုင်တော့သည်။

"ဟို..တခြားတော့မဟုတ်ဘူး ကျွန်တော်ဒါရိုက်တာဂျွန့်ကို မစ်စ်ကက်သရင်းနဲ့နားလည်မှုလွဲသွားတာ.အဲ့ဒါပြန်တွေးမိတာရယ် နေ့လည်ကမစ်စတာတက်ဒီစိတ်ပူနေတဲ့အကြောင်းရယ်လျှောက်တွေးမိပြီး အံသြသွားတာ..''

နိုအာ ဂျွန့်အားရှင်းပြရင်းမျက်လွှာချရာမှတချက်ပင့်၍ဂျွန့်ကိုကြည့်မိသည်။ ဂျွန်ကနူတ်ခမ်းထောင့်များ တွန့်ကွေးလာပြီး နိုအာ့အားစကားဆိုသည်။

"ကက်သရင်းအကြောင်းလည်းတွေးမပူနဲ့ တက်ဒီအကြောင်းလည်းတွေးမပူနဲ့ ကိုယ့်အကြောင်းပဲတွေး အိုကေ''...ဟုဆိုကာ ဂျွန်ကနိုအာ့ပုခုံးလေးအားလွှတ်ပေးလိုက်သည်။

ARE YOU 18? [COMPLETED]Where stories live. Discover now