25. Two Weeks Determination!

651 41 0
                                        

"ဘာလို့လဲ''

"..........''

"ဘာလို့လဲပြောပါဦး''

ဂျွန်၏ အထပ်ထပ်အခါခါမေးမြန်းမှုကြောင့် နိုအာသက်ပြင်းရှည်ကြီးချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဂျွန့်ကိုတင်းကျပ်စွာပွေ့ဖက်လိုက်သည်။

"ကျွန်တော် ခင်ဗျား ကို သဘောကျတယ်''

ဂျွန့်မျက်နှာထက်၌ အပြုံးရေးရေးလေးပေါ်လာသည်။

"ဟင်..ဘာပြောတာလဲ''

နိုအာ ဂျွန်၏ ရင်ခွင်ထဲ၌သာခေါင်းမော့မလာဘဲ ထပ်ဆိုလေသည်။

"ကျွန်တော်ဂျွန့်ကိုသဘောကျတယ် အများကြီးသဘောကျလို့ တွေ့ချင်တာ ရပြီလား''

"မရသေးဘူး''

ဂျွန်၏ စကားကြောင့် နိုအာမကျေမနပ်ဖြစ်ကာ ဂျွန့်ရင်ခွင်ထဲမှအတင်းတိုးထွက်လာပြီးဂျွန့်ကိုမော့ကြည့်လျက်  တုံ့ပြန်လေသည်။

"ခင်ဗျား... တကယ်ကိုပဲ...''

နိုအာ ထပ်၍ပြောချင်သော်လည်း ဂျွန့်မှာ ဆေးရုံဝတ်စုံဝတ်ထားဆဲဖြစ်သည်ကို သတိထားမိသည်မို့ဆက်၍မငြင်းဆိုတော့ပေ။ သို့သော်ဂျွန်ကအလျော့မပေးဘဲဆက်၍ဆက်၍မေးနေပြန်၏။

"ပြောပါဦး.. ကိုယ်ကဘာဖြစ်တုန်း..?''

နိုအာဂျွန်၏ပရင်းရောင်မျက်လုံးများနှင့် ဆုံမိသည့်အခါနှလုံးခုန်သံတို့မြန်ဆန်လာ၏။ ထိုမျက်လုံးများကကြည်လင်ပြတ်သားနေပြီး ဂျွန်တစ်ယောက်ဘာတွေတွေးနေမလဲသူမခန့်မှန်းနိုင်ချေ။ သို့ပေမယ့်ထိုမျက်လုံးများကသူ့အားအလွန်တရာဆွဲဆောင်နေသည်ကိုတော့လျစ်လျူမရှူနိုင်ပေ။ သူ ဝါကျင့်ကျင့်မျက်လုံးတွေကိုသဘောကျသည်။ နှာတံမြင့်မြင့်၊ ဆံပင်ပတုန်းရောင်၊ အထူအပါးညီနေသောနူတ်ခမ်းများရှိသည့် သည်လူကိုနိုအာသဘောကျသည်။

နိုအာ ထပ်၍ပို၍သည်ထက်ပို၍ ဂျွန့်အားသဘောကျသလား၊ သဘောမကျဘူးလားဆိုသည်ကို စဥ်းစားနေစရာမလိုတော့ပေ။

နိုအာခါးကိုမတ်လျက် ဂျွန့်ကိုပွေ့ဖက်ထားသောသူ့လက်များကို လွှတ်လိုက်သည်။ အသက်ဝဝရှူသွင်းလိုက်ပြီး တစ်စုံတစ်ခုအား ဆုံးဖြတ်ထား၍ လုပ်မည့်ဟန်ပြင်လေ၏။ ဂျွန်ကနိုအာ၏အသေးစိတ်လှုပ်ရှားမှုလေးများအားတောက်လျောက်လိုက်ကြည့်နေလေသည်။ ထို့နောက်နိုအာဂျွန့်လက်နှစ်ဖက်အားသူ့လက်များဖြင့်ဆုပ်ကိုင်လိုက်သည်။

ARE YOU 18? [COMPLETED]Where stories live. Discover now