15.အရမ်းနူးညံ့ပြီးချိုတယ်

809 48 1
                                    

Unicode

"အား.....မဟုတ်ဘူး..မဟုတ်ဘူး''

နိုအာမှန်ရှေ့အက်ျီဝတ်နေလျက် မနေ့ညက ဒါရိုက်တာ ဂျွန် သူ့အားနမ်းရိူက်နေသည့်ပုံရိပ်များအားမြင်ယောင်နေ၏။ အလွန်နီးကပ်နေသောမျက်နှာထက်ကချွန်မြနေသည့်  နှာဖျားထိတ်၊  ရှည်လျားသည့် မျက်တောင်များနှင့် နွေးထွေးနူးညံ့သည့်နူတ်ခမ်းများအား ပြန်မြင်ယောင်မိသည်မို့ ခေါင်းအားယမ်းခါနေမိသည်။

'နိုအာ မင်းမဟုတ်တာတွေတွေးမနေနဲ့ မသောက်စဖူးသောက်မိတဲ့ဝိုင်တွေကြောင့်ဖြစ်တာ အိုကေ စိတ်ငြိမ်ငြိမ်ထား ဒါရိုက်တာဂျွန်လည်း ဘီယာကြောင့်.... ဟူးးးး'

နိုအာ ဒါရိုက်တာဂျွန်အား မည်သို့မျက်နှာချင်းဆိုင်ရမည်ကို စဥ်းစားသော်လည်းအဖြေမထွက်ပေ။ ထို့ကြောင့် နှစ်ဦးစလုံးအတွက် အနေရခက်ခြင်းကိုရှောင်လွှဲနိုင်မည့် ဆင်ခြေကောင်းတစ်ခုနှင့်ရှာဖွေဖြေသိမ့်လိုက်ပြီး ယောက်ယက်ခတ်နေသော အတွေးများအားရပ်တန့်လိုက်လေသည်။

နိုအာ လက်ပတ်နာရီအားကြည့်လိုက်သည့်အခါ ရုံးချိန်နီးကပ်နေသည့်အတွက် အဝတ်စားလဲခြင်းကို လက်စသပ်လျက် နံနက်စာပင်မစားတော့ဘဲ ဘက်စ်ကားမှတ်တိုင်သို့ပြေးလေသည်။ ရုံးနောက်ကျ၍ HR ဌာနမှ အဆူအငေါက်သံအားနားမထောင်ချင်ပေ။

.
.
"နိုအာ...ဟေ့..နိုအာ''

ကွန်ပျူတာစခရင်အားငေးစိုက်ကြည့်နေလျက် အာရုံလွင့်နေသော နိုအာသည် ဂျွန်၏ခေါ်သံအားမကြားသလို စားပွဲရှေ့မှာမတ်တပ်ရပ်နေသော ဂျွန်တစ်ယောက်လုံးကိုပင် သတိမထားမိချေ။

"နို...အာ..အဆင်ပြေရဲ့လား''

နိုအာစိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး စခရင်မှအကြည့်လွှဲလိုက်လျှင် သူ့ရှေ့တည့်တည့်မှာ ဒါရိုက်တာဂျွန်ရပ်ကြည့်နေသည်ကိုတွေ့လိုက်ရ၏။

"အိုး..မိုင်ဂေါ့၊ ဟုတ်...ကျွန်တော် ဘာလုပ်ပေးရမလဲ''

ထိတ်ပြာသွားသော နိုအာ့အား ဂျွန်စေ့စပ်စွာကြည့်နေပြီး..

"နိုအာ..အစောကြီးရောက်နေတာလား''

"မဟုတ်ပါဘူး၊ ဒါရိုက်တာဂျွန်နဲ့ရှေ့ဆင့်နောက်ဆင့်လေးတင်ပါပဲ''

ARE YOU 18? [COMPLETED]Where stories live. Discover now