Special Episode(Uni+Zaw)

611 41 0
                                    

Unicode (Please scroll down for Zawgyi User)

.
.
.

"Merry Christmas''

အခန်းထဲသို့ လက်ဆောင်ဘူးလေးတစ်ဘူးကိုင်၍ ဝင်လာသော နိုအာကို ဂျွန်လက်မောင်းတွေကြားထဲ ထွေးပွေ့လိုက်၏။ ထို့နောက် ခေါင်းငုံ့လျက် နိုအာ့ပါးပြင်ထက်သို့ အနမ်းများပေးလိုက်ပြီးမှသာ ပြန်၍ နူတ်ဆက်လေသည်။

"Merry Christmas ဘေဘီ''
"လက်ထဲကဘာတွေကိုင်ထားတာလဲ''

နိုအာ ပါဆယ်ဘူးလေးအား ဂျွန့်ရှေ့သို့ ထိုးပေးလိုက်ပြီး...''ကျွန်တော် ဂျွန့်အတွက် ကိုယ်တိုင်လုပ်ပေးထါးတာ ကြိုက်ရဲ့လားဖွင့်ကြည့်ပါဦး''

"ဘေဘီ ကိုယ့်အတွက် ဘာပဲလုပ်ပေး လုပ်ပေး ကိုယ်သဘောကျတယ်၊ တကယ်လို့ ဘူးထဲမှာ သကြားလုံးတွေထည့်ထားတယ်ဆိုရင်တောင် ကိုယ်ကပျော်နေဦးမှာ''

နိုအာ ဂျွန့်ပါးနှစ်ဖက်အား လက်ဖြင့်ညစ်ဆွဲလိုက်တော့သည်။

"လူလည်ကြီး စကားတွေသိပ်တတ်နေတာ ဖွင့်ကြည့်ပါဦး''

ဂျွန် နိုအာ့အားထွေးပွေ့ထားသော လက်များကို ရုတ်သိမ်းလိုက်ပြီး
ဖဲကြိုးချည်ထားသော ပါဆယ်ဘူးလေးအားဖြည်လိုက်သည်။
ဘူးထဲမှာ ရှိနေသည်က အညိုရောင်သိုးမွှေးမာဖလာလေးဖြစ်၏။ ဂျွန် ထိုမာဖလာလေးအား ဖြန့်ကြည့်သည့်အခါ အစွန်ဘက်၌ N ❤ J ဟူသော စာလုံးလေးများအားတွေ့လိုက်ရသည်။ ဂျွန် နိုအာကိုယ်တိုင်လုပ်ပေးသော လက်ဆောင်လေးကြောင့် မပြုံးဘဲမနေနိုင်တော့ချေ။ ထို့နောက် ရှေ့တည့်တည့်မှာရှိနေသော နိုအာ့၏ လည်ပင်းတဝိုက် ကိုထိုမာဖလာဖြင့်ရစ်ပစ်လိုက်ပြီး ကြမ်းပြင်နှင့်ခြေဖဝါးလွတ်သွားအောင် မ,ချီလိုက်တော့သည်။

"အိုး....ဂျွန်... ဘာလုပ်တာလဲ.. လန့်သွားတာပဲ''

"ဘေဘီ မင်းကမှကိုယ့်ကို အံသြအောင်လုပ်တာလေ၊ သိုးမွှေးလည်း ထိုးတတ်တယ်ပေါ့.. ဟမ်..ကိုယ့်ဇနီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲကွာ''

"ဘာတွေပြော...ခင်ဗျား...အွန့်...ပြွတ်စ်..အ..ပြွတ်စ်''

"ပြွတ်စ်...ပြွတ်စ်'' ''အ.....ဟေးး..ကိုယ့်ကိုမကိုက်နဲ့လေ..ဘေဘီ ''

ARE YOU 18? [COMPLETED]Where stories live. Discover now