17.ကယ်တင်ရှင်အားဧည့်ဝတ်ပြုခြင်း

934 51 0
                                        

Unicode

ဂျွန်နှင့် နိုအာတို့ ဟင်းချက်စရာများနှင့်အတူ နိုအာ့အဆောင်သို့ရောက်ရှိလာကြသည်။ နိုအာ့အဆောင်ကမူ တတိယအထပ်မှာရှိသည်မို့ လှေကားမှတက်ခဲ့ကြသည်။ ၎င်းအဆောင်၌ဓာတ်လှေကားမရှိချေ။ ဂျွန်က နိုအာ့လက်ထဲမှ အထုပ်အပိုးများကိုဆွဲယူက၍ နိုအာ့အနောက်မှလိုက်ပါလာခဲ့သည်။

"ကျွန်တော့်အခန်းကကျဥ်းတယ် ဒါရိုက်တာဂျွန့်ကိုအဆင်မပြေမဖြစ်ဖို့မျှော်လင့်တယ်''

"ကိစ္စမရှိဘူး ကိုယ်လည်းကောလိပ်တက်တုန်းက အဆောင်မှာနေခဲ့တာပဲလေ''

နိုအာအခန်းသော့ဖွင့်ကာ အခန်းထဲသို့ ဂျွန့်အားခေါ်လေသည်။ အခန်းက မကျယ်ဝန်းပင်မယ့် လူတစ်ယောက်နေထိုင်ဖို့အတော်အသင့်ရှိသည့်အနေအထားဖြစ်သည်။ ဂျွန်ကနိုအာ၏အခန်းအား သေချာကြည့်ရူမိလေသည်။ ယောက်ျားလေးနေသည့်အခန်းဖြစ်သည့်အတွက် အသုံးအဆောင်များက အလွန်ပင်ရိုးရှင်းသည်ကိုတွေ့ရ၏။

တံခါးမအနီး၌စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်ခုံရှိ၏။ စာအုပ်စင်အသေးလေးက နံရံထောင့်၌ရှိနေပြီး တိုးလျိုပေါက်မြင်နေရသည်က အိပ်ခန်းဟုခေါ်ရမည့် ကုတင်နေရာဖြစ်လေသည်။ အိပ်ယာပေါ်တွင် မြေခွေးနီအရုပ်ကလေးအားတင်ထားသည်ကို ဂျွန်တွေ့လေသည်။

နိုအာက ဟင်းချက်စရာအထုပ်များကို ခပ်လှမ်းလှမ်းရှိဘေစင်ပေါ်တင်လိုက်ပြီးနောက် လက်ဆေးလေသည်။ ထို့နောက် ဂျွန်ထိုင်နေသည့်စားပွဲဝိုင်းရှိရာသို့ပြန်လာ၍ ဂျွန့်အားရေဘူးကမ်းပေးလေသည်။

"ခဏတော့စောင့်ဦး ကျွန်တော် Spagetti ချက်ပေးမယ်''

ဂျွန် နိုအာ၏မျက်လုံးများကိုစိုက်ကြည့်လျက်ပင်..

"ဟုတ်ပါပြီ ကိုယ်စောင့်နေမယ်လေ''

နိုအာ မားကတ်မှဝယ်လာသည့်ဆေးထုပ်လေးအား စားပွဲပေါ်သို့တင်ကာ ဂျွန်၏လက်အားတောင်းလေသည်။

"ဒါရိုက်တာဂျွန်.. ခင်ဗျားလက်ပေး''

"ဘာလို့လဲ ကိုယ့်လက်ကအဆင်ပြေပါတယ် အဲ့လူကိုထိုးတာအားနည်းနည်းများသွားလို့ရဲနေရုံပါ''

ARE YOU 18? [COMPLETED]Where stories live. Discover now