20.Be a lucky man

707 45 0
                                        

Unicode

မီးရောင်အဝါဖျော့ဖျော့လေးနှင့် ဆိတ်ငြိမ်နေသည့်အလုံပိတ်အခန်းငယ်လေးထဲမှာ နွေထွေးချိုမြိန်မှုတို့ရှိနေ၏။ ၎င်းပရင်းရောင်မျက်ဆံများနှင့် တောအုပ်လေးသကဲ့သို့ထူထဲနေသောမျက်ခုံးတစ်စုံတို့ကလည်း ချွန်မြနေသည့် နှာတံတို့နှင့်ပနံသင့်နေသည်။ ခပ်ပါးပါးနူတ်ခမ်းသားများက အထူအပါးညီ၍ပုံစံတကျရှိ၏။ ပုံမှန်နှဖူးအထက်သို့လှန်ဖြီးထားခံရသော ဆံပင်တို့က ဟိုတစသည်တစနှဖူးအထက်သို့ ကျဆင်းနေသေး၏။ ထိုလူ၏ မျက်နှာထက်ရှိ အသွင်အပြင်တို့အား နိုအာ အသေးစိတ်မှတ်သားနေမိသည်။

နှစ်ယောက်၏ နှာဖျားထိပ်ကလေးတို့က တဖြေးဖြေး ထိစပ်လာနေပြီး ထိုလူ၏မျက်တောင်ရှည်များကိုပင် အနီးကပ်ရေမှတ်နိုင်သည့်အခြေအနေမှာပင်ရှိနေ၏။ ရုတ်တရက်တိုးခွေ့လာပြီးနိုအာ့မျက်နှာထက် အေးစက်သည့်အထိအတွေ့လေးထိကပ်လာသည့်အခါ ၎င်းမှာနှာထိပ်လေးဖြစ်ကြောင်းနိုအာသိလေသည်။ ထို့နောက်စိုစွတ်နေသည့်လျှာက ပါးပြင်တဖက်တချက်အားထိစပ်သွားသည့်အခါ နိုအာအနည်းငယ်လန့်နေမိသည်။ ထိုစိုစွတ်နေသည့်လျှာကနောက်ထက်တကြိမ်ပါးပြင်နားသို့ထိကပ်လာသည့်အခါ နိုအာ တားဆီးမိတော့သည်။

"မလုပ်နဲ့... မလုပ်ပါနဲ့... အွန့်''

နိုအာတားဆီးနေပင်မယ့် နိုအာ့ပါးပြင်တို့က လျှာဖြင့်လျက်ခံနေရတုန်းပင်...

"ဂျွန်...မလုပ်ပါနဲ့''... နိုအာနောက်တကြိမ်ထပ်၍ ငြင်းဆိုသည်။

'အွန့်...အွန့်...ရွှတ်...အူ..အူ'

"ဟင်း''

"ဟိတ် ဂျက်ကီ မလုပ်ရဘူးလေ..
ငါ့ဧည့်သည်ကို မနှောင့်ယှက်သင့်ဘူး. သွား..သွား..မင်းအတွက်မနက်စာ ဗန်းထဲထည့်ပြီးပြီ အိုကေ''

ဂျွန်က ကုတင်ပေါ်သို့တက်၍ နိုအာ့မျက်နှာအားလျာဖြင့်လျက်နေသော ဂျက်ကီကို ချီချလိုက်သည်။ တဆက်တည်း ဂျက်ကီ၏အမွှေးများနှင့်နားရွက်များကိုပွတ်သပ်ကာချော့မော့ပြော၍ နိုအာ့နံဘေးမှခေါ်ထုတ်လေသည်။

အိပ်ယာဘေးနားမှအသံများ​ကြောင့် နိုအာ အိပ်ပျော်ရာမှ နိုးလာတော့သည်။ ရီဝေဝေ ဝိုးတဝါးဖြစ်နေသော အတွေးတို့အားရှင်းလင်းစေရန် မျက်လုံးအားလက်ခုံဖြင့်ပွတ်သပ်၍ အနီးအနားမှအသံလာရာသို့ရှာလေသည်။

ARE YOU 18? [COMPLETED]Where stories live. Discover now