1.NOAH (Zawgyi)

1.2K 21 0
                                    

စာသင်နှစ်ဝက် ပြီးသည့်ကာလရောက်တော့မည်ဖြစ်သောကြောင့် ကျောင်းဝန်းထဲက Foreign ကျောင်းသား အများစုသည် ကျောင်းစရိတ်ကာမိစေရန် Part time job များအား စိတ်အားထက်သန်စွာ ရှာဖွေကြလေသည်။

ယခုလို အချိန်မျိုးတွင် *UNSW ကျောင်းဝန်းထဲရှိ Notice Board များ၌ကြော်ညာစာများ အပြည့်ရှိနေတတ်သည်။ နွရောသီကျောင်းပိတ်ကာလ အတွက် အလုပ်ခေါ်စာတွေ၊ Internship ဆင်းနိုင်မည့် company လိပ်စာတွေနှင့် စီးပွားရေးသင်တန်းများ အစရှိသည့် လက်ကမ်းစာစောင်များကို Notice Board များတွင် အစီအရီပြည့်နေသည်ကို တွေ့နိုင်ပါလိမ့်မည်။

ကျောင်းသား၊ ကျောင်းသူများသည် ၎င်းကြော်ညာစာများကို ဓာတ်ပုံရိုက်မည်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို နှိပ်ကာ မိမိတို့အလိုရှိသည့် အလုပ်များ၊ သင်တန်းများအကြောင်းမေးမြန်းမည်ဖြစ်သည်။

စီးပွားရေး တက္ကသိုလ် ဖြစ်သည့်အလျောက် ပညာလာရောက်သင်ယူကြသူများသည်လည်း စီးပွားရေးနှင့်ပက်သက်၍ ရည်မှန်းချက် ကြီးသူများဖြစ်ကြလေသည်။ ကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးချချင်သော ကျောင်းသား/သူ အများစုကတော့ အလုပ်ရှာဖွေခြင်း၌သာ အာရုံစိုက်ထားကြသည်။

သည်ထဲက နိုအာ (Noah) ကလည်း တစ်ယောက်အပါဝင်ပေါ့လေ။ ဒါ့အပြင် Part time job အသည်းအသန်ရှာသည့်အုပ်စုထဲပင် ထည့်ချင်ထည့်လို့ရသေးသည်။

နိုအာ တစ်ယောက် စာသင်ကာလ မပြီးသေးခင်ကပင် အလုပ်လျှောက်လွှာများအား ညည့်နက်သည်အထိ ကြိုးစားပမ်းစားရေးသည်။ အွန်လိုင်းမှ အလုပ်ခေါ်စာတွေဖတ်သည်။ အဆင်ပြေလောက်မည့် အလုပ်များတွေ့လျှင် အီးမေးလ်ဖြင့် CV (Resume) များပို့သည်။ ထို့ကြောင့် ''Well received'' ဟူသော Reply Mail များ နိုအာ၏ Email Inbox ထဲတွင် အပြည့်ရှိလေသည်။

စာသင်ကာလမပြီးဆုံးခင် တလအလိုကတည်းက နိုအာ လျှောက်လွှာများတင်လာခဲ့သည်မှာ သည်နေ့ ကျောင်းဖွင့်ရက် နောက်ဆုံးနေ့အထိပင်ဖြစ်လေသည်။

သက်ပြင်းခပ်တိုးတိုးချလျက် ငေးမိငေးရာ ငေးလျက် ထိုင်ခုံ၌ ငိုင်နေလေသည်။

"ဟေး ဘာတွေငေးနေတာလဲ ကျောင်းပိတ်ရက် ရောက်တော့မယ်လေ မပျော်ဘူးလား''

ARE YOU 18? [COMPLETED]Where stories live. Discover now