23. Flame in Heart(Zawgyi)

298 10 5
                                    

ဂျွန်သိုလှောင်ရုံဘက်သို့ အပြေး အလွှားပြေးသွားသည်ကို Site တာဝန်ခံများနှင့်အတူ စမစ်တို့အုပ်စုကြည့်နေကြ၏။ စမစ်လည်းမနေသာတော့ဘဲ သိုလှောင်ရုံဘက်သို့သွားရန် လိုအပ်သည်များကို စုဆောင်းရန်ကြံလေသည်။

"ဒီမှာ ဘာမီးသတ်ဆေးဘူးတွေရှိလဲ မီးသတ်သမားတွေမလာခင် သိုလှောင်ရုံထဲက လူတွေထိခိုက်သွားနိုင်တယ်''

စီမံကိန်းတာဝန်ခံတစ်ဦးက စမစ်အမေးအားဖြေလေသည်။

"အဓိကက သိုလှောင်ရုံထဲက Chemical ပစ္စည်းတွေပဲ ပေါက်ကွဲမှုကြီးဖြစ်ရင် ငါတို့နားကားလိမ့်မယ်''

ထိုစဉ်အစည်းအဝေးဝိုင်းထဲမှ တစ်ယောက်တစ်ပေါက် ထပြောကြတော့သည်။

"အခုငါတို့ လူတွေမထိခိုက်သွားဖို့လိုတယ် ပေါက်ကွဲမှုဖြစ်ရင် ငါတို့ဘာမှမတတ်နိုင်ဘူး''

"ဒီမှာ...ခင်ဗျားတို့ အဲ့အကြောင်းငြင်းခုံရမယ့်အချိန်လား''

စမစ်ဝင်ပြောလိုက်သည်နှင့် ငြင်းခုံနေကြသည့် အုပ်စုငြိမ်ကျသွားလေသည်။

"ဒီ site ထဲမှာရနိုင်သမျှ မီးသတ်ဆေးဘူးတွေ အကုန်စုစေချင်တယ် အဲ့ဒါတွေ ရှာခဲ့ပေးကြပါ ဟုတ်ပြီလား ကျွန်တော်တို့မီးသတ်မလာခင် တတ်နိုင်သမျှ အထိခိုက်နည်းအောင်ကြိုးစားသင့်တယ်''
.
.
.
မီးသတ်ကားများ၎င်းနေရာသို့မရောက်လာသေးပေ။ ထို့ကြောင့် site အတွင်းထဲ၌ရုတ်ရုတ်သဲသဲဖြစ်ပွားနေ၏။ သိုလှောင်ရုံထဲမှ မီးခိုးငွေ့များကတလူလူထွက်နေဆဲပင်။ သိုလှောင်ရုံ၏အပြင်ဘက်၌မူ ရေပိုက်များ၊ ရေပိုက်ပုံးများ၊ သဲပုံးများဖြင့် မီးစွဲနေသည့်နေရာများကို ပက်ဖြန်းနေကြသည်။ တချို့က သိုလှောင်ရုံထဲသို့ဝင်၍ မီးစွဲနေသော ဆေးပုံးများနှင့် ဆောက်လုပ်ရေးသုံး 
ဓာတုပစ္စည်းများကို သဲများဖြင့်ပက်ဖြန်းကြသည်။ မီးစွဲနေသောသစ်သားနှင့် ကတ်ထူပါကင်ပုံးများကို ရရာမီးသတ်ဆေးဘူးများနှင့် မီးငြိမ်းသတ်ကြပြန်သည်။

မီးခိုးငွေ့များမှ ထွက်လာသော မီးခိုးမြူများက ဂိုထောင်အတွင်းပိုင်း၌လူံနေ၍ မြင်ကွင်းများအားမသဲမကွဲဖြစ်စေ၏။ ဂျွန်တစ်ယောက် လက်ထဲကပါလာသော mask အားနှာခေါင်းအထက်အုပ်ထားသော်လည်း မွန်ထူနေသောအခိုးအငွေ့တို့အား ရူရှိုက်မိသည်။ ဂိုထောင်ရုံအတွင်း၌ ပစ္စည်းများဆွဲထုတ်သူကဆွဲထုတ် နှင့်  ရရာမီးငြိမ်းသူကငြိမ်း၍ အပြေးအလွှား ထွက်ပြေးကြသူများကြောင့် ဂျွန်၏ စိုးရိမ်ထိတ်လန့်မှုတို့မြှင့်တက်လာတော့သည်။ ထို့ကြောင့် နိုအာနာမည်အား ကျယ်လောင်စွာအော်ခေါ်၍ ဂိုထောင်ရုံအတွင်း အရူးတပိုင်းနှယ်ပြေးလွှားနေလေ၏။

ARE YOU 18? [COMPLETED]Where stories live. Discover now