1

990 57 4
                                    

••U

ကံဆိုးမှုလား ကံကောင်းမှုလားပင်မသဲကွဲသော နိုင်ငံအဆင့် လူငယ်လေ့ကျင့်ရေးစခန်းတွင် sakusa ပါဝင်ခွင့်ရခဲ့သည်။

နိုင်ငံအဆင့်လူငယ်လေ့ကျင့်ရေးစခန်းဟူသည်ကား ဂျပန်နိုင်ငံတွင်ရှိသည့် အတော်ဆုံးသော ၁၉နှစ်အောက် volleyball ကစားသမားများအားခေါ်ယူ၍လေ့ကျင့်ပေးသောနေရာ။ အရည်အချင်းမြင့်လှပါသည်ဟူသော ကစားသမားများကိုသာရွေးချယ်သည်မို့ ထိုလေ့ကျင့်ရေးစခန်းသို့ဝင်ခွင့်ရသည်က အထက်တန်းကျောင်းသား volleyball ကစားသမားများအကြား၌ အလွန်အားကျချင်စရာကောင်းလှပေသည်။

Sakusa kiyoomi သည်လည်း ထိပ်တန်း spiker တစ်ယောက်ဖြစ်၍ သူ့ကိုခေါ်ယူသည်ကအဆန်းတော့မဟုတ်။

သို့သော်လည်း ပြသနာက ဤလူငယ်လေး၏ Germaphobia ပင်။

တစ်နေ့အကြိမ် ၃၀ လောက် လက်ဆေးနေရသော Sakusa ၏ဘဝတွင် လူစုလူဝေးကိုအမုန်းရဆုံးဖြစ်၏။ တစ်ပါးသူ၏အသားကိုမထိချင်၊ လူအများနှင့်နီးနီးကပ်ကပ်မနေနိုင်၊ ထိုပြသနာများအား သူမည်သို့ဖြေရှင်းရမည်နည်း။

"အဲ့လောက်ကြီးလည်းမဲ့ရွဲ့မနေပါနဲ့ကွာ... မသိရင်မင်းကိုလူသတ်ကွင်းခေါ်သွားမှာကျနေတာပဲ"

Sakusa တွန့်ဆုတ်နေသည်ကိုသတိထားမိသော Komori က မျက်လုံးတစ်ဖက်မှိတ်ပြရင်း လှမ်းနောက်၏။ Komori ကသူ၏တစ်ဝမ်းကွဲညီအစ်ကိုဖြစ်၍ ကျောင်းတူတူ၊ အသင်းတူတူ၌ volleyball ကစားသော တစ်ဦးတည်းသောသူငယ်ချင်းဆိုလည်းမမှားပေ။ ကံကောင်းစွာဖြင့် komori လည်း လူငယ်လေ့ကျင့်ရေးစခန်း၌ပါလာခဲ့သည်မို့သာ Sakusa အနည်းငယ်စိတ်ဖြောင့်နိုင်သည်။

Komori က Sakusa နှင့်အတူအချိန်ကြာကြာနေလာသည်မို့ သူ၏ Germaphobia အကြောင်းကောင်းကောင်းနားလည်ပေးနိုင်သည်။ တခြားသူများထက်စာလျှင်တော့ Komori အနီးအနားတွင်ရှိသည်က Sakusa အတွက်ပိုသက်သောင့်သက်သာရှိ၏။

လေ့ကျင့်ရေးစခန်း၌ ကိစ္စတစ်ခုခုပေါ်ခဲ့သည်ရှိသော် Komori ကိုယုံကြည်ရသဖြင့် Sakusa အနည်းငယ်စိတ်ချရသည်။ သို့သော်လည်း ထိုအကြောင်းကြောင့်တော့ Sakusa စိတ်ကြည်လင်မသွားနိုင်ပေ။

Destined To Be Yours (ေခတၱရပ္နား)Where stories live. Discover now