2

375 56 1
                                    

U••

"မင်းဘယ်တွေလျှောက်သွားနေတာလဲ?"

Atsumu ပြန်ရောက်ရောက်ချင်း တည်းခိုခန်းအပေါက်ဝ၌ပင် လက်ပိုက်၍ရပ်စောင့်နေသော ညီဖြစ်သူအားတွေ့လိုက်ရတော့သည်။ Osamu ကသိပ်ပြီးကြည်လင်နေပုံမရ။ Atsumu မျက်နှာအားသေချာကြည့်ပြီးနောက် ပို၍ပင်မျက်မှောင်ကြုံ့နေပေ၏။

"မုန့်သွားဝယ်တာလို့ငါပြောခဲ့တယ်လေ မင်းဘာမင်းသေချာနားမထောင်ပဲနဲ့..."

ဖိနပ်ချွတ်နေရင်းဖြင့် Atsumu လှမ်းဖြေတော့ Osamu ခေါင်းသာငြိမ့်၍ အထဲပြန်ဝင်သွား၏။

"ဘာလဲ မင်းငါ့ကိုစိတ်ပူနေတာလား"

Atsumu ကမျက်လုံးတစ်ဖက်မှိတ်ရင်းလှမ်းစသည်ကို Osamu မျက်လုံးသာလှန်ပြသည်။

"မင်းကို Kita san လိုက်ရှာနေလို့လေ... သူပြန်လာရင်တော့သေဖို့သာပြင်ထားတော့"

Osamu စကားကြောင့် Atsumu ဇက်ကလေးပင်ပုဝင်သွားရ၏။ စိတ်ထဲမှပင် 'ငါတော့သေပြီ' ဟုခပ်တိုးတိုးရွတ်လိုက်မိသေးသည်။ ထို့နောက် Osamu အားလက်ညှိုးထိုး၍ စူပုတ်ပုတ်ဖြင့် ထအော်တော့သည်။

"Captain ကအကြောင်းမရှိပဲဘာလို့ငါ့ကိုရှာရမှာလဲ... မင်းတိုင်လိုက်လို့မလား"

Osamu ကလည်း ငြိမ်ခံမနေပေ။

"မင်းကမုန့်သွားဝယ်တယ်ဆိုပြီး တစ်နာရီကျော်ကြာနေတာကို... လမ်းမှာသေသွားရင် Captain မသိလိုက်မှာစိုးလို့သွားပြောရတာလေ"

"ဖုန်းဆက်လိုက်ရင်ရတာပဲလေ အရူးရဲ့"

"မင်းကဖုန်းရောယူသွားလို့လား"

"ခဏစောင့်လိုက်တော့သေမှာမို့လို့လား"

"မင်းကဘယ်သူ့ကိုလာအပြစ်တင်နေတာလဲ သူမသိအောင် အပြင်ခိုးထွက်တာကမင်းလေ!"

ညီအစ်ကိုနှစ်ယောက်၏မပြီးဆုံးနိုင်သောသတ်ပွဲက နေ့တစ်နေ့အတွက်ထပ်မံအစပျိုးပြီဖြစ်သည်။ ဆိုဖာပေါ်တွင်ငုတ်တုတ်ထိုင်နေသည့် suna ကလည်း ထိုမြင်ကွင်းကိုမလွတ်စေရ။ ရှုထောင့်အမျိုးမျိုးမှကြည့်၍ အပီအပြင်မှတ်တမ်းတင်လျက်ရှိသည်။

ဤသို့ဖြင့် Inarizaki ၏ နေ့စဉ် ဗရုတ်သုတ်ခများဆက်လက်ဖြစ်ပွားပေ၏။

Destined To Be Yours (ေခတၱရပ္နား)Where stories live. Discover now