4

362 53 33
                                    

U••

Atsumu ကိုချီ၍ ဆေးပေးခန်းထဲပြေးဝင်ချလာသော Sakusa ကြောင့် အေးအေးချမ်းချမ်းငိုက်နေသည့် သူနာပြုမလေးပင် လန့်သွားရ၏။

"ဘာ.. ဘာဖြစ်တာတုန်း... ကျိုးကုန်ပြီလား"

အထိတ်အထိတ်အပြာပြာဖြင့် ပေါက်ကရထမေးသော သူနာပြုမလေးအား Sakusa မျက်မှောင်ကြုံ့၍တစ်ချက်သာကြည့်လိုက်သည်။ ထို့နောက် သူမအား အရေးစိုက်မနေတော့ပဲ Atsumu ကိုကုတင်ပေါ်ညှင်သာစွာချပေးလိုက်၏။

"Omi kun..."

"ငြိမ်ငြိမ်နေ"

Sakusa စကားကြောင့် Atsumu လန့်ပြီးငြိမ်ကျသွားရသည်။ Sakusa ကိုသူသိတာမကြာသေးသော်လည်း ယခုပုံစံကအတည်ကြီးဖြစ်နေမှန်း လူတိုင်းပြောနိုင်၏။ သူ့ပုံစံကဒေါသနှင့်စိတ်ပူသည့်ပုံစံနှစ်ခုရောထွေး၍ အချိန်မရွေးပေါက်ကွဲသွားနိုင်သည့်ဗုံးနှင့်အလားသဏ္ဍာန်တူနေသည်။

Atsumu ခမျာ ခေါင်းလေးကုတ်ရင်း Sakusa ထားသည့်နေရာတွင်ငြိမ်ငြိမ်လေးထိုင်နေရုံသာတတ်နိုင်၏။
Atsumu ဘာသာချော်လဲသည်ကို ထိုလူကအဘယ်ကြောင့်ဒေါသထွက်နေရမှန်း သူနားမလည်တော့ချေ။

ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့လွတ်လွတ်လပ်လပ်ကြီး ဆေးနှင့်ပတ်တီးများကိုထုတ်ယူနေသော Sakusa အား သူနာပြုမလေးကြောင်အမ်းအမ်းဖြင့်သာကြည့်နေနိုင်သည်။

ဝေါင်း ငါ့ကိုလေလိုပဲသဘောထားတာဟ...

အလုပ်ရှုပ်နေသည့် Sakusa အား Atsumu စိုက်ကြည့်နေသည့်အချိန်၌ပင် Sakusa ကသူထိုင်နေသည့်ကုတင်ရှေ့၌ခုံတစ်လုံးဆွဲယူ၍ဝင်ထိုင်လိုက်၏။ ထို့နောက် မပြောမဆိုနှင့် Atsumu ခြေထောက်ကိုယူ၍ သူ့ပေါင်ပေါ်တင်ဆွဲတင်လိုက်လေသည်။

ရုတ်တရပ်မို့ Atsumu တုန့်ပြန်ချိန်ပင်မရလိုက်၊ Sakusa ကခြေကျင်းဝတ်ကိုသေချာကိုင်၍ အဆစ်လွဲသွားသည့်နေရာအားပြန်တည့်ပေးလိုက်၏။

"အာ့! နာတယ်...Omi"

နာကျင်မှုကြောင့်မျက်နှာလေးမဲ့သွားသည့် Atsumu ကိုကြည့်ရင်း Sakusa ပို၍ပင်စိုးရိမ်သွားရသည်။ ကစားပွဲတစ်လျှောက်လုံး Atsumu သေချာအာရုံစိုက်နေသည်ကို သူကောင်းကောင်းမြင်မိပါ၏။ သို့သော် Time out ပြီးကာမှ အဘယ်ကြောင့်ရုတ်တရပ်ချော်လဲရသည်ကိုမသိတော့ပါချေ။

Destined To Be Yours (ေခတၱရပ္နား)Where stories live. Discover now