8

319 42 11
                                    

U••

ထမင်းစားနေရင်းဖြင့် ငယ်ပေါင်းသူငယ်ချင်းအရင်းအချာကြီးများကဲ့သို့ တရစပ်စကားပြောနေကြသော Atsumu နှင့် Komori ကို Sakusa စိတ်လေလေဖြင့်ထိုင်သာကြည့်နေရသည်။

တ၀်ခါတစ်ရံ Atsumu ကိုကြိုက်နေသည်က သူလား Komori လားပင် ပြန်မေးချင်လာမိ၏။

ထိုနှစ်ယောက်ကအကျင့်စရိုက်တူ၍ စကားလဲအတော်များကြသည်မို့ မရပ်တမ်းကိုပေါက်ပေါက်ဖောက်နေကြသည်။ Komori ကလည်း သူ့အိမ်မှခွေးလေးနေမကောင်းသည်မှအစ အကြိုက်ဆုံးဟင်းလျာအဆုံး မနားစတမ်းပြောနေသလို Atsumu ကလည်းသူ့ထက်မလျော့ပါချေ။

တစ်ခါတစ်ရံ သူ့အမြွှာညီ Osamu အား မည်မျှဒေါထွက်ရသည့်အကြောင်းများပါလာတတ်၍ Komori ကလည်း Sakusa ၏ဇီဇာကြောင်ပုံများအား သူ့ရှေ့၌ပင်ပေါ်တင်ကြီးထိုင်ပြောနေသေးသည်။

Sakusa ကပုံမှန်အားဖြင့်တိတ်ဆိတ်နေတတ်သူမို့ ၎င်းတို့စကားဝိုင်းထဲဝင်မပါချေ။ သူ့ရှေ့တွင် Atsumu ထိုင်နေသည်ဟူသည့်အချက်ကပင် Sakusa အတွက်အလွန်ပြီးပြည့်စုံနေပြီဖြစ်၍ ထိုကောင်လေးအား မသိမသာတစ်ချက်တစ်ချက်ခိုးကြည့်ရသည်ကပင် အလွန်ကျေနပ်ဖွယ်ကောင်းလှသည်။

"ကဲ...ဒါဆိုငါအခန်းကိုပြန်နှင့်တော့မယ်နော်... မင်းတို့လည်းစောစောနားကြဦး.. မနက်ဖြန်လေ့ကျင့်ရေးရှိတာမမေ့နဲ့"

Komori ကမျက်စိတစ်ဖတ်မှိတ်ပြလိုက်ပြီးနောက် ကော့ပတ်ကော့ပတ်ဖြင့် အခန်းဆီသို့ပြန်လျှောက်သွား၏။ မပြန်ခင် Sakusa အား ပြီတီတီရုပ်ကြီးဖြင့် ကြည့်သွားသေးသည်မို့ တစ်ဖက်လူ၏မျက်ထောင့်နီကြီးဖြင့် ဆုံလိုက်ရသေးသည်။

နှစ်ယောက်ထဲကျန်တော့သည့်အခိုက်တွင်တော့ အိုးတိုးအမ်းတမ်းအနေအထားကြီးက ပြန်ပေါ်လာပြန်၏။ ခုဏကတင်မှ တင်းတင်းကြပ်ကြပ်ဖက်ထားမိကြသည့်နှစ်ယောက်သားက အခုနေပုံမှန်အတိုင်းစကားပြောဖို့ မဖြစ်နိုင်ပါချေ။

တိတ်ဆိတ်နေသောအခြေအနေကြီးကိုဖြိုခွဲရန် Atsumu ကပင် ချောင်းတစ်ချက်ဟန့်၍ဆိုလာ၏။

"ဒါဆို... Omi kun ... ငါတို့လည်းအပေါ်ထပ်ပြန်တက်ရအောင်လေ..  မနက်ဖြန်လေ့ကျင့်ရေးအတွက်စောစောအိပ်မှရမှာ"

Destined To Be Yours (ေခတၱရပ္နား)Donde viven las historias. Descúbrelo ahora