6

367 51 14
                                    

U••

Atsumu ဖျားနေသည့် သတင်းကြားပြီးကတည်းက Sakusa မျက်မှောင်ကြုံ့နေသည်မှာ တစ်ချက်မှမလျော့သေးပေ။ မနေနိုင်တော့သည့် Komori ကသာဝင်ပြောရတော့၏။

"ကဲပါ ကဲပါ... အဲ့လောက်ကြီးလဲစိတ်ရှုပ်မနေပါနဲ့ မနက်ဖြန်တော့သူလာလောက်မှာပါ"

Sakusa ခေါင်းသာတစ်ချက်ငြိမ့်လိုက်၏။ သူစိတ်ထဲတော့ဘဝင်မကျချင်သေးပေ။ Atsumu နေမကောင်းဖြစ်သည့်သတင်းကိုကြားရကတည်းက သူ့ရင်ထဲဆို့နစ်နစ်ဖြင့် နေရထိုင်ရမအီမသာဖြစ်နေပေသည်။ အကြောင်းအရင်းကိုတော့ သူလည်းမသိပေ။

ဖြစ်နိုင်လျှင် Atsumu အားသူအပြေးသွားတွေ့ချင်နေပေ၏။ သို့သော်လည်း သူဘယ်ဆီကိုပြေးရမည်ပင်မသိပါချေ။ Itachiyama မှအသင်းသားက တကူးတကကြီးသတင်းလာမေးသည်ဆိုလျှင် တစ်ဖက်အသင်းကလက်ခံမည်၊ မခံမည်လဲမသေချာလှ။ ထို့အပြင် Atsumu နှင့်သူကထိုမျှလောက်ရင်းနှီးသည့်ဆက်ဆံရေးလည်း မဟုတ်ပေ။

စိတ်ထဲဘဝင်မကျဖြစ်မှုကြောင့် Sakusa မျက်နှာကပိုပို၍ပုတ်သိုးလာတော့၏။

"ဒါနဲ့... မင်းမှာသူ့ဖုန်းနံပါတ်မရှိဘူးလား?"

Komori အမေးကြောင့် Sakusa ခေါင်းသာခါပြလိုက်သည်။ Atsumu နှင့်တွေ့ရသည့်အချိန်နည်းနည်းလေး၌ သူဖုန်းနံပါတ်တောင်းဖြစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါချေ။ အချိန်ရှိသည်ဆိုလျှင်တောင် သူစိမ်းတစ်ယောက်၏ဖုန်းနံပါတ်ကိုတောင်းဖို့က ထူးထူးဆန်းဆန်းကြီးဖြစ်နေပေဦးမည်။

Sakusa ၏ကူရာကယ်ရာမဲ့နေသော မျက်နှာကြောင့် Komori သက်ပြင်းချ၍နှစ်သိမ့်လာ၏။

"မင်းဟာကမျှော်လင့်ချက်မှမရှိတော့တာ သားကြီးရာ... လက်လျှော့လိုက်ပါတော့"

Komori ၏အားပေးစကားကို Sakusa ကလည်း ကျေကျေနပ်နပ်ကြီးလက်ခံရယူပါ၏။

"အင်း.. သူနဲ့မင်္ဂလာဆောင်ရင်မင်းကိုငါမဖိတ်ဘူး"

ဤကဲ့သို့အတည်ပေါက်ကြီးပြောလာသော Sakusa ကြောင့် Komori လက်ဖျားခြေဖျားခါနေရပေ၏။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက Sakusa ၏သည်းသည်းလှုပ်နေမှုကြီးကိုသာမြင်မထားလျှင် ယခုစကားကြောင့်သူ shock ရသွားနိုင်၏။

Destined To Be Yours (ေခတၱရပ္နား)Où les histoires vivent. Découvrez maintenant