U••
ထမင်းစားချိန်၌ Setter တစ်ယောက်အား စကားသွားပြောနေသည့် Sakusa ကိုကြည့်ရင်း Atsumu မျက်မှောင်ကြုံ့သည်။ ထို setter ကောင်လေးက ပထမနှစ်ဖြစ်ပုံပေါ်၍ blueberry ရောင်မျက်ဝန်းများအားပိုင်ဆိုင်လေ၏။ သူမှတ်မိတာမမှားလျှင် ကစားကွင်း၏ဘုရင်ဟုခေါ်ဆိုကြသော Kegeyama Tobio ဖြစ်လောက်သည်။
၎င်း၏အရည်အချင်းကလည်း အလွန်မြင့်သည့်အထဲပါသည်မို့ Atsumu သတိထားမိသည့် setter တစ်ယောက်ဖြစ်၏။ ထိုကောင်လေးနှင့် Sakusa ကြား မည်သည့်ကိစ္စများပြောစရာရှိနေသလဲတော့ သူမသိ။ သေချာသည်က Kageyama အား Atsumu သိပ်မကြည်ချင်တော့ပေ။
Omi kun နှင့်သူ၏ထမင်းစားချိန်လေးအား လုယူသွားပါသော ထိုအငယ်တန်းလေးအား ကြုံရင်ရန်သွားစပေးဦးမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေ၏။
ထို့နောက် Komori တစ်ယောက်သာပြန်လာ၍ Sakusa ကတော့ရေချိုးခန်းဘက်ထွက်သွားလေသည်။ ထမင်းစားနေသည့်သူ့ကိုမြင်တော့ Komori ကဝင်ထိုင်လိုက်၏။
"မင်းတစ်ယောက်ထဲလား"
Komori ၏အမေးကို Atsumu ခေါင်းသာငြိမ့်ပြသည်။
"Omi kun ကအစောကြီးထသွားတော့ ငါတစ်ယောက်ထဲပဲပေါ့"
Atsumu သိပ်မကြည်သည်ကိုခံစားမိသော Komori က စပ်ဖြီးဖြီးသာလုပ်ပြ၏။ သေချာသည်က Sakusa အား သဝန်တိုနေခြင်းဖြစ်လောက်မည်။ Sakusa အတွက်ဖြေရှင်းပေးနေရသည်ကိုနေသားကျနေသော Komori အတွက် ထိုကိစ္စကမပြောပလောက်ပါချေ။
ချက်ချင်းဆိုသလို Kageyama ထိုင်နေသည့်ဘက်ကိုတစ်ချက်လှမ်းကြည့်ရင်း Atsumu ဘက်သို့ခပ်တိုးတိုးဆိုလာ၏။
"သူနဲ့ Sakusa ကဘာမှမဆိုင်ပါဘူး... ခုမှမြင်ဖူးတာ"
Komori ဖြေရှင်းပေးဖို့ကြိုးစားနေသည်ကို သိသဖြင့် Atsumu မျက်လုံးသာလှန်ပြသည်။ Komori နှင့်သူက သိတာမကြာသေးသော်လည်း type တူသဖြင့် ပေါင်းရသင်းရလွယ်၏။ Sakusa အကြောင်းပြောလျှင်နှစ်ယောက်သားပွဲကျသည်မို့ အတော်လေးအစပ်အဟပ်တည့်လှချေသည်။
ထို့ကြောင့် Komori အရှေ့တွင်ဆိုလျှင် သူဟန်ဆောင်ထားစရာမလိုပဲ ပွင့်ပွင့်လင်းလင်းသာပြောနိုင်၏။ Komori ကသူနှင့် Sakusa ၏ကိစ္စများတွင်လည်းကူညီပေးတတ်သူမို့ သူငယ်ချင်းအရင်းတစ်ယောက်ကဲ့သို့သာ ဆက်ဆံဖြစ်သည်။
ESTÁS LEYENDO
Destined To Be Yours (ေခတၱရပ္နား)
FanficSakuAtsu Myanmar Fanfic feat,OsaSuna Cover credit to Artist. 21 Sep, 2021.