U••
Sakusa ဘေးမှ တိတ်တိတ်လေးခိုး၍ထွက်ပြေးလာသည့် Atsumu တစ်ယောက် အများသုံးသန့်စင်ခန်းထဲတွင်မတ်တပ်နေ၏။ မှန်ပေါ်တွင်ပေါ်နေသည့် သူ့ရုပ်ကိုသူပြန်ကြည့်ရင်း Atsumu ကြိတ်ကာသက်ပြင်းချသည်။
Sakusa က နံပါတ် 1 wing spiker ဖြစ်ကြောင်းသူသိသော်လည်း လူငယ်လေ့ကျင့်ရေးစခန်း၌ပါလာနိုင်သည့် ဖြစ်နိုင်ချေကိုလုံးလုံးလျားလျားမေ့သွားခဲ့ခြင်းဖြစ်၏။
အစမ်းလေ့ကျင့်ရေးနေ့က အပြင်းဖျားခဲ့သည့်သူ့ကိုယ်သူ Atsumu ဒေါသထွက်လို့မဆုံးပါချေ။ ပုံမှန်အားဖြင့်တစ်ရက်လောက်သာဖျားတတ်သည့် သူ့ခန္ဓာကိုယ်က ထိုအခေါက်ကျမှ တစ်ပါတ်လုံးလုံးနလန်မထူနိုင်အောင်ဖျားသွားရ၏။
သူနေကောင်းသည့်အချိန်တွင် လူက Hyogo တွင်ပြန်ရောက်နေပြီဖြစ်၍ Tokyo တွင်ရှိသော Sakusa နှင့်တွေ့ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်တော့ပါချေ။ တစ်ပါတ်လုံးလုံး Atsumu စိတ်ဒုက္ခရောက်ခဲ့ရပြီး တစ်ခုခုလိုနေသလို ဟာတာတာခံစားချက်ကြီးအား ကြိတ်မှိတ်သည်းခံခဲ့ရ၏။
လေ့ကျင့်စခန်းသို့လဲ စိတ်မပါလက်မပါဖြင့်ထွက်လာသည်မို့ Osamu ၏ထူးထူးဆန်းဆန်းအကြည့်ကြီးဖြင့်တောင် ကြည့်ခံလိုက်ရသေးသည်။ လူငယ်လေ့ကျင့်ရန်းစခန်း၌ ပါဝင်ခွင့်ရသည့်အကြောင်းကြားတုန်းက Atsumu အပျော်လွန်၍ သူ့ညီဂုတ်ပေါ်ပင်ခုန်တက်လိုက်သေး၏။ တကယ်တမ်းသွားရမည့်နေ့တွင်တော့ Atsumu ထင်သလောက်မတက်ကြွပါတော့ချေ။
သူ့စိတ်ထဲ၌မအီမသာဖြစ်နေသော်လည်း အကြောင်းအရင်းကိုမူ Atsumu ရှာမတွေ့နိုင်။ ဤသို့ဖြင့်စိတ်မပါလက်မပါရောက်လာခဲ့ပြီးနောက် Sakusa နှင့်ပက်ပင်းတိုးပေတော့သည်။ Sakusa ကိုမြင်သည်နှင့် သူ့ခြေထောက်သူတောင်မထိန်းလိုက်နိုင်ပဲ အပြေးရောက်သွားသည့် သူ့ကိုယ်သူလည်း Atsumu အလွန်စိတ်ပျက်ရ၏။
မတွေ့ရသည့်ရက်ပိုင်းအတွင်း Sakusa ကအနည်းငယ်ပိန်သွားသည်ဟုခံစားရသည်။ သူ့စိတ်ထင်၍ပဲလားမသိ၊ Sakusa မျက်နှာကအနည်းငယ်မှိုင်နေ၏။ သူ့ကိုမြင်တော့ Sakusa ကမျက်လုံးကျွတ်ထွက်မတတ် စူးစူးကြီးစိုက်ကြည့်နေသည်မို့ Atsumu ကြောင်အအပင်ဖြစ်သွားရသေးသည်။
YOU ARE READING
Destined To Be Yours (ေခတၱရပ္နား)
FanfictionSakuAtsu Myanmar Fanfic feat,OsaSuna Cover credit to Artist. 21 Sep, 2021.