U••
လေ့ကျင့်ရေးဒုတိယနေ့တွင်တော့ Atsumu အပျင်းဖျား၍ မထနိုင်တော့ပါချေ။
Samu ထက်စာလျှင် ပို၍နေမကောင်းဖြစ်လွယ်သောသူ့ကိုယ်သူလဲ Atsumu စိတ်ပျက်လှ၏။ မနေ့ကရသည့်ဒဏ်ရာနှင့် ခရီးပန်းတာ၊ ပင်ပန်းတာ မျိုးစုံပေါင်း၍ Atsumu ကိုယ်ပူကျမလာတော့ပေ။
တစ်ညလုံး Samu ထိုင်ပြုစုပေးနေသော်ငြား မနက်ပိုင်းလေ့ကျင့်ရေးရှိသည်မို့ သူဆက်စောင့်လို့မရတော့ချေ။ ထိုအစား Captain က လေ့ကျင့်ရေးသို့မလိုက်တော့ပဲ Atsumu နှင့်နေခဲ့မည်ဟုဆို၏။
Kita ကပွဲဦးထွက်ကစားသမားမဟုတ်သလို နည်းပြလည်းပါနေသည်မို့ အကုန်လုံးသဘောတူလိုက်ကြသည်။ နောက်ဆုံး၌ တည်းခိုဆောင်တွင် Kita နှင့် Atsumu နှစ်ယောက်သာ ကျန်ခဲ့တော့၏။
တစ်ကိုယ်လုံးကျစ်ကျစ်တောက်ပူနေသည့်အပြင် ခေါင်းထဲမူးနောက်နေသည်မို့ Atsumu အိပ်ယာမှမထနိုင်သေးပေ။ Kita san ကဆန်ပြုတ်ယူလာပေးသည်မို့ စောင်ပုံထဲမှခေါင်းတိုးထွက်၍ Atsumu မျက်နှာလေးမဲ့၏။
"ဆန်ပြုတ်ကြီးမသောက်ချင်ဘူး Kita san..."
Atsumu ဂျီကျမည်ကိုကြိုသိထားသော Kita က ဘာမှမပြောပါချေ။ ဆန်ပြုတ်ကိုသာဖြည်းဖြည်းချင်းမွှေရင်း နွေးအောင်မှုတ်ပေးနေ၏။ ထိုအပြုအမူကြောင့် Atsumu ငိုချင်ချင်ဖြစ်သွားရပြီး စောင်ကိုခြေထောက်နှင့်ကန်တော့သည်။
"မသောက်ချင်ပါဘူးဆိုမှ...Kita san ကအနိုင်ကျင့်ပြန်ပြီ မသောက်ဘူး...မသောက်ချင်ဘူး"
ကလေးကဲ့သို့တဝါးဝါးအော်ငိုတော့မည်ဖြစ်သော Atsumu ပုံစံကြောင့် Kita သက်ပြင်းချသည်။ ပုံမှန်အတိုင်းလည်းကလေးဆန်သည့် Atsumu ကနေမကောင်းလျှင်ပိုဂျီကျတတ်သည်ကိုသူသိ၏။ သို့သော်လည်း မတတ်နိုင်ပါချေ။ ယခုအချိန်၌အလိုလိုက်လျှင် Atsumu သာရောဂါပိုခံစားရမည်ဖြစ်၏။
"အားမရှိရင်ဆေးသောက်လို့မရဘူး Atsumu... "
Kita san ၏သဘောထားကို Atsumu အပြည့်အဝနားလည်ပါသော်လည်း ဆန်ပြုတ်မသောက်ချင်သည့်စိတ်ကိုဖျောက်မရနိုင်ပေ။ စောင်ပုံထဲ၌ဘောလုံးကဲ့သို့လုံးထွေးရင်း ဆန်ပြုတ်မသောက်ချင်ကြောင်း ဆန္ဒပြတော့ Kita san ကသက်ပြင်းထပ်ချ၏။
ESTÁS LEYENDO
Destined To Be Yours (ေခတၱရပ္နား)
FanficSakuAtsu Myanmar Fanfic feat,OsaSuna Cover credit to Artist. 21 Sep, 2021.