U••
Suna တစ်ယောက်မျက်နှာကိုဘယ်နားသွားဖွက်ထားရမလဲမသိတော့ပေ။
သေချာသည်ကအခုချိန်မှသူဖွက်လဲဘာမှမထူးတော့သည်သာဖြစ်၏။ Mask အုပ်ထားသော်လည်း Osamu ကချက်ချင်းသူမှန်းတန်းမှတ်မိသွားချေသည်။ သူမည်သို့ဖြေရှင်းနိုင်ဦးမည်နည်း။ အသင်းသားတစ်ယောက်က အခြားအသင်းသား၏အိမ်သို့ညကြီးမင်းကြီးခိုးဝင်စရာအကြောင်းမရှိပါချေ။
သူငယ်ချင်းတစ်ယောက်အနေဖြင့်လည်း ထိုသို့ခိုးကြောင်ခိုးဝှက်အပြုအမူကမသင့်တော်သည့်ကိစ္စသာဖြစ်၏။ မတော်တဆဟုဆိုရအောင်လည်း Osamu အိမ်၌ဘယ်သူမရှိသည့်အချိန်ကိုရွေးလာခြင်းဖြစ်မှန်းသိသာနေသည်။ ထို့အပြင် Osamu အခန်းသို့တည့်တည့်ကြီးဝင်သွားလိုက်သေး၏။
သူ့နောက်သို့ Stalker လိုက်နေသည်ကို Osamu မသိစရာအကြောင်းလည်းမရှိချေ။ ထို Stalker ကိုဖမ်းဖို့စောင့်နေမှန်းလည်းသိသာလှသည်။ Suna ထံ၌ဖြေရှင်းစရာစကားလဲမရှိသည်မို့ ပါးစပ်ပိတ်၍ ငြိမ်ငြိမ်လေးသာထိုင်နေ၏။ သူ့တစ်ကိုယ်လုံးလဲ ကြိုးဖြင့်တုတ်ထားခံရသည်မို့ လှုပ်လို့ပင်မရတော့ပါချေ။
Stalker ထက်ပိုခြေသံလုံတဲ့ သောက်ကျိုးနည်း Osamu ၏စကေးကို Suna လက်လန်သွားရသည်။ လမ်းတစ်လျှောက် Osamu ပုန်းနေသည်ကိုသူလုံးဝသတိမထားမိခဲ့သလို အနောက်တွင်ရောက်၍ကြိုးနှင့်တုပ်ခံလိုက်ရသည်အထိ ဘာမှမခံစားမိအောင်ပိပိရိရိကို Osamu ကသူ့ကိုဖမ်းသွားလေ၏။
ခေါင်းငုံ့၍ငြိမ်သက်နေသော Suna မျက်နှာပေါ်မှ Mask ကို Osamu ဆွဲချွတ်လိုက်ရင်း ထို Middle blocker လေး၏မေးစေ့မှဆွဲမော့ကာသူ့ကိုကြည့်စေသည်။
"အဲ့တော့... ငါ့နောက်ကိုလိုက်နေတာမင်းပေါ့ Rin?"
Suna တိတ်ဆိတ်လျက် အကြည့်သာလွှဲထားမိ၏။ သူ့ထံတွင်အဖြေမရှိပါချေ။ Osamu သူ့အကြောင်းသိသွားပြီမို့ အရာအားလုံး၏အဆုံးသတ်သို့ရောက်နေပြီဖြစ်၏။ နောက်ပြန်လှည့်လို့မရတော့သလို မည်သည့်ရှင်းပြချက်ကမှ အသုံးမဝင်တော့မှန်း Suna နားလည်လိုက်ပါသည်။
ထို့ကြောင့်လည်း Osamu ဆုံးဖြတ်သမျှကိုသူလက်ခံ၍ တစ်ဖက်မှသူ့ကိုအရိုးစွဲသည်အထိမုန်းသွားရင်တောင် Suna ဘက်မှပြောစရာစကားမရှိတော့ပါချေ။ သူ့လုပ်သည့်ကိစ္စကမည်သူ့ကိုမေးမေးစိတ်ပျက်စရာကိစ္စတစ်ခုသာဖြစ်မှန်း Suna ကောင်းကောင်းသိသည်။
YOU ARE READING
Destined To Be Yours (ေခတၱရပ္နား)
FanfictionSakuAtsu Myanmar Fanfic feat,OsaSuna Cover credit to Artist. 21 Sep, 2021.