U••
အားရအောင်ထိုင်ဆဲပြီးသည့်နောက် Atsumu အိပ်ယာခေါင်းရင်းမှသူ့ဖုန်းအားဆွဲယူလိုက်သည်။ ထို့နောက် သူ၏ထုံးစံအတိုင်း Osamu ဆီသို့ ပေါက်ပေါက်သွားဖောက်ဖို့စိတ်ကူးလိုက်တော့၏။
ဖုန်းခေါ်၍ အတော်ကြာပြီးနောက်မှသာ တစ်ဖက်မှလူ၏ အသံကိုကြားရတော့သည်။
"Hello..."
"Samu! Samu! Samu!"
Atsumu ၏အော်သံကြောင့် Osamu မျက်မှောင်ကြုံ့၍ ဖုန်းနှင့်နားရွက်ကိုပင်ခွာလိုက်ရသည်။
"ဘာလဲဟ"
Osamu ၏ထုံးစံအတိုင်း စိတ်မပါလက်မပါဖြေသံကို Atsumu စိတ်ထဲမထားပါချေ။ သူ့ညီတော်လေးက သူနှင့်ပက်သက်သည့်ကိစ္စဆိုလျှင် အမြဲစိတ်ဝင်စားပါလျက်နှင့် မသိချင်ယောင်ဆောင်တတ်မှန်း Atsumu ကောင်းကောင်းကြီးသိ၏။
တစ်ဖက်တွင်လည်း Atsumu ၏တက်ကြွသောလေသံကြောင့် Osamu မျက်မှောင်ကြုံ့နေလေသည်။ မနက်ကမှ အီးမှန်ထားသည့်ရုပ်နှင့်အိမ်မှထွက်ခွာသွားပါသော သူ့အစ်ကိုက ညပိုင်းကျ Osamu ထံသို့ထီပေါက်သည့်လေသံဖြင့်လာစကားပြောနေပြန်၏။
အမြွှာညီအစ်ကိုသာမဟုတ်ပါက Atsumu ၏စိတ်အပြောင်းလဲမြန်မှုများကြောင့် ရူးနေသည့် setter ဟု Osamu သတ်မှတ်မိလိမ့်မည်ဖြစ်သည်။
"မင်းဘာလုပ်နေတာလဲ ဖုန်းကိုင်တာကြာချက်!"
"Onigiri လုပ်နေတာလေ"
မှန်သည်။ ဖုန်း speaker ဖွင့်ထားရင်း Osamu တစ်ယောက်လက်မှ Onigiri ဆက်လုပ်နေခြင်းဖြစ်၏။ ခုဏကသူလက်ဆေးနေသဖြင့် ဖုန်းကိုင်ဖို့ကြာသွားရခြင်းသာဖြစ်သည်။
"ငါပြောပြမယ်နားထောင်!!"
"ဟင့်အင်း မသိချင်ပါဘူး"
Osamu ၏အဖြေများအား Atsumu အဖတ်ကိုလုပ်မနေပါချေ။ Osamu ကလည်း အကျင့်ပါနေ၍သာ ဘုဂလန့်ပြောနေခြင်းဖြစ်၍ သူ့အစ်ကိုပြောသမျှ ကောင်းကောင်းနားထောင်နေပေ၏။
"Omi kun ကိုမှတ်မိတယ်မလား"
"Itachiyama ကမင်းရည်းစားမလား"
"ငါ့ရည်းစားမဟုတ်ပါဘူးဆိုနေမှ!"
Atsumu မျက်နှာတစ်ခုလုံးနီရဲသွားတော့သည်။ Omi က သူ့ရည်းစားမဟုတ်ကြောင်း Osamu အား ဆယ်ခါမကရှင်းပြဖူးသည်ကို သူမှတ်မိသေး၏။ သို့သော်လည်း ညီဖြစ်သူက ကျွဲပါးစောင်းတီးသကဲ့သို့ ထိုစကားအားနားပင်မယောင်ပါချေ။
VOCÊ ESTÁ LENDO
Destined To Be Yours (ေခတၱရပ္နား)
FanficSakuAtsu Myanmar Fanfic feat,OsaSuna Cover credit to Artist. 21 Sep, 2021.