Magical Peinture 1(U+Z)

2.1K 104 11
                                    

Ep1
Korea .

လူကုန်ထံ ရပ်ကွက်တစ်ခုတွင်
မိသားစုတစ်စုအိမ်ပြောင်းနေသည်။
ငိုနေသော8နှစ်အရွယ်လောက်သာ ရှိလောက်အုံးမည့်ကလေးငယ်အား သူ့အကိုဖြစ်ဟန်တူသည့်တစ်ယောက်မှ ပုခုံးလေးဖက်ထားကာ မငိုဖို့ ချိုချဉ်လုံးလေးပေးရင်း ချော့မြူနေသည်
ထို့နောက် နှစ်ယောက်လုံး မိဘများ အသင့်စောင့်နေသည့် ထွက်ခွာတော့မည်ကားပေါ်လိုက်ပါသွားရတော့သည်။

-

Lutheran co-educational private school Queensland, Australia....

အားလပ်ချိန်မို့ ကျောင်း‌နားနေခန်းတွင်ကျောင်းသားကျောင်းသူများ စုဝေးလျှက်ရှိသည်။‌‌ ခေါင်းအစ ခြေအဆုံး branded accessoriesများကို ဆင်မြန်းထားပြီး ရွှေဝါရောင်ဆံသားများကိုအဖိုးတန်စိန်များစီခြယ်ထားသောကလစ်နှစ်ခုဖြင့် ထိန်းထားသည်။ထိုကျောင်းသူသည်ကျော့ကျော့မော့မော့နှင့် ကျောင်းသားသုံးယောက် ဝိုင်းဖွဲ့ထိုင်နေရာ စားပွဲပေါ်သို့ တက်ထိုင်လိုက်ပြီး အလယ်မှတစ်ယောက်ကိုမြူသလိုစိုက်ကြည့်ရင်းပြောလိုက်သည်။

"Jake ...ဒီနေ့examပြီတဲ့အနေနဲ့ အိမ်မှာ ပါတီရှိတယ် သေချာပေါက် လာခဲ့နော်
ငါစောင့်နေမယ်..."

သူမက မေးလေးကို လှမ်းကိုင်ဖို့ကြိုးစားလိုက်ရာ ထိုကျောင်းသားက သူ့အား လှမ်းထိဖို့ လုပ်နေသော မိန်းကလေး၏လက်‌ချောင်းများကို လက်ဖြင့်ထိန်းလိုက်ရင်း

"ငါ လာမှာပါ"

-

Jakeသည် Australia နိုင်ငံQueensland‌ မြောက်ဘက်တွင်ရှိသော Lizardကျွန်းကြီး၏ပိုင်ရှင်ဖြစ်သည့် Mr.Shim၏သားတစ်ဦးဖြစ်သည်။ ထိုကျွန်း၏ အဆင့်အတန်းမြင့်သော resortများ private beachesများကြောင့်Jake မိသားစု၏ ကြွယ်၀ချမ်းသာမှုမှာ လူအများ မျက်စိကျကာလောဘတက်ချင်စရာပင်ဖြစ်ပေသည်။မြက်ခင်းပြင်စိမ်းစိမ်းနှင့် ခြံ၀န်းကျယ်ကြီး အလယ်မှ နန်းတော်တစ်မျှခမ်းနားကြီးကျယ်သော အိမ်ကြီးထဲသို့ Jakeလှမ်း၀င်လာလိုက်သည်။
ဧည့်ခန်း တွင် တည်တည်ငြိမ်ငြိမ်စာအုပ်ဖတ်ရင်း‌ စောင့်နေသောဖေဖေက Jakeပြန်လာတာတွေ့သည်နှင့်

"Jake ဒီည ပါတီကို ကောင်းကောင်းပြင်ဆင်ပြီးလာမယ်မလား မင်းလည်းသိမှာပါ ပါတီရဲ့ အနက်အဓိပ္ပါယ်ကို "

Magical Peinture Where stories live. Discover now