Magical Peinture 22-2

352 43 5
                                    


JakeရောSunghoonပါ မြင်ကွင်းရှေ့မှပျောက်ကွယ်သွားမှ Heeseungအိပ်ခန်းသို့ပြန်လျှောက်လာခဲ့သည်။

"Hale..."

ရင်းနှီးနေတဲ့အသံကြောင့်ရုတ်တရက်နောက်သို့လှည့်ကြည့်မိတော့

"ဘယ်လိုလဲ မတွေ့တာကြာတဲ့မိတ်ဆွေကြီးရဲ့"

Jamesရဲ့အတွင်းရေးမှုး
ပြောရလျှင်လက်ပါးစေကောင်
ဒီကောင်က ဘယ်လိုလုပ်ဒီကို...

"ငါ့ကိုသတိမှရရဲ့လား
သတိရရင်လည်းနောက်မှပေါ့ကွာ ခုတော့ မင်းသခင်က သူ့ခွေးလေးကို သူ့ရှေ့မှောက်အရောက်ခေါ်လာတဲ့
Australiaလာခဲ့ဖို့ခေါ်လိုက်တယ်
အ. ခု. ချက်. ချင်း"

နောက်တွင် လူအင်အားအနည်းငယ်ကလည်းပါသေးသည်မို့ ငြင်းဆန်ရင်လည်း ကိုယ့်အမှားသာဖြစ်မည်။ လူအနည်းငယ်ဆိုပေမယ့်ဒီကောင်တွေရဲ့တစ်ယောက်ချင်းအားက ကိုယ်နဲ့တန်းတူပေမို့ ငါးယောက်တစ်ယောက် မယှဉ်သင့်မှန်း‌တော့Heeseungသိသည်။

                             -

"Hale ငါ့သားရာ မတွေ့တာကြာပြီနော် ဟားဟားဟား"

"ဟုတ်ကဲ့...ဒယ်ဒီ"

"တစ်သက်လုံးသားက Mickelထက်အများကြီးလိမ္မာခဲ့တာပဲ
ဒါ့ကြောင့်လည်း ငါ့သားကို ဆုတွေအများကြီးပေးထားတာပေါ့"

ဆုဆိုသည်မှာ သားအရင်းထက်အမြဲအမှတ်ပိုများနေသည့် မွေးစားသားအမည်ခံအလုပ်သမားသာသာက‌လေးကို ကျောင်းမှာတန်းတူ စာဆက်သင်ခွင့်မပေးတော့ပဲ အိမ်ထဲတွင်သာပိတ်ကာ နုနယ်တဲ့လက်တွေဒဏ်ရာဗလပွဖြစ်‌အောင်အတိုက်အခိုက်ပညာသင်စေခဲ့ခြင်းကိုဆိုလိုသလား၊ဒါမှမဟုတ်လျှင်တစ်ချို့သောမိသားစုတွေထံမှ အတင်းကျပ်သိမ်းယူရရှိတဲ့အဆောက်အဦးတွေကို ကိုယ့်နာမည်အောက်လွှဲပေးထားခြင်းကိုဆိုလိုသလားကိုသာ Heeseungစဉ်းစားနေမိသည်။

"ဒါနဲ့.....
သားကအခုတလော လိမ္မာတဲ့ကလေး မလုပ်ချင်တော့ဘူးထင်တယ်....

"ဗျာ"

"ဒယ်ဒီစဉ်းစားနေတာ
ငါ့သားကလူကြီးဖြစ်လာလို့များလား....."
"မဟုတ်ရင်.....
ဆုတွေ သိမ်းမနိုင်တော့လို့
ထပ်မလိုချင်တော့တာများလား
.....ဟမ်!!!!"

Magical Peinture Where stories live. Discover now