ကော်ဖီဆိုင်မှပြန်လာပြီး ပူလောင်သွားသည့်စိတ်တို့ကိုသက်သာစေရန်အလို့ငှာ ရေချိုးရန်ပြင်လိုက်သည်။Jake ရေချိုးခန်းမှန်ထဲမှ မိမိပုံရိပ်ကို ကြည့်ရင်း တစ်ကိုယ်တည်းကြားရုံမှ တီးတိုးရေရွတ်လိုက်သည်။
"ဆံပင်တွေကို လှန်တင်ထားတတ်တဲ့ အအကျင့်တစ်ခုတောင်ကိုတောင် ဖေဖေ့လောင်းရိပ်အောက်ကမဖျောက်နိုင်သေးဘူးပဲ......"
ရေစိုနေသောလက်များဖြင့် စီစီရီရီရှိနေသည့်ဆံပင်များကိုပုံစံပျက်ပြားစေလိုက်ပြီး
"လွတ်မြောက်ပြီထင်ခဲ့တာ.....
ပိတ်မိနေတဲ့ဘ၀ထဲကနေ မလွတ်မြောက်နိုင်တဲ့အပြင် မင်းကိုပါဆွဲသွင်းနေမိတာပဲ
Sunghoon....""ငါဘယ်တုန်းကမှ မပြောင်းလဲနိုင်ခဲ့ဘူး"
-အားကစားခန်းမနားတွင် ရှိသောခုံတန်းလေးတွင် Jakeနှင့်Sunghoonတို့ထိုင်နေခဲ့ကြသည်။နေရောင်ခြည်နွေးနွေးက နီကျင့်ကျင့်သစ်ရွက်လေးများကြားမှ ခုံးတန်းငယ်ပေါ်သို့တစ်ပျောက်စနှစ်ပျောက်စကျရောက်လို့နေသည်။ယနေ့မှထူးထူးခြားခြားJakeက ကော်ဖီလည်းမသောက်ချင်ဟုဆိုကာ ကျောင်းဆီသို့တန်းလာခဲ့ပြီး အတန်းပါလစ်၍ Sunghoonရှိရာ အားကစားခန်းမဆီသို့လိုက်လာခဲ့ခြင်းဖြစ်သည်။
"Jake..မင်းမျက်လုံးတွေ ရောင်နေတာပဲ
စိတ်ညစ်စရာတစ်ခုခု ရှိနေတာလား"ခုံပေါ်သို့လွင့်ကျသာသော အနီရောင်သစ်ရွက်လေးကို လက်ထဲတွင်ကိုင်ထားကာ သစ်ရွက်လေးနှင့်အပြိုင် အနီရောင်သန်းနေသော မျက်၀န်းငယ်တို့ကSunghoonမျက်၀န်းများနှထံသို့အကြည့်ဆုံလာသည်။
ဘာကြောင့်များ လင်းလက်နေတတ်သည့်အညိုရောင်မျက်၀န်း လေးများကနေ ယခုကဲ့သို့ဖြစ်လာသည်အထိငိုကြွေးလာရပါသနည်း။ညှိုးငယ်နေသည့်မျက်နှာလေးကိုပါ သေချာမြင်လိုက်ရသည့်အခါတွင်တော့ Sunghoonအတွက် ရင်ဘတ်အစုံ
ကို လေးလံသည့်အရာတစ်ခုဖြင့် ဖိထားခံလိုက်ရသကဲ့သို့ တင်းကျပ်မှုတို့က စိုးမိုးလာခဲ့သည်။ယခုအချိန်တွင် ထိုသူအား ရင်ခွင်ထဲသို့လုံခြုံနေအောင်ထည့်ကာထွေးပွေ့ပေးချင်သည့်စိတ်တစ်ခုသာရှိနေခဲ့ပေသည်။ထိုစိတ်ဆန္ဒအတိုင်းလည်း တဒင်္ဂဆိုသည့်အချိန်အတွင်းလက်တွေ့ပြုမူလိုက်မိသည်ပင်။
YOU ARE READING
Magical Peinture
Romanceအားလုံးပဲ Repunzal movie (Barbie version)လေးကို သိကြမယ်ထင်ပါတယ်။Repunzal ဟာ သူမဆွဲလိုက်တဲ့ မှော်၀င်ပန်းချီကားလေးကြောင့် ပိတ်လှောင်ခံထားရတဲ့သူမရဲ့ဘ၀ကနေ လွှတ်မြှောက်ပျော်ရွှင်ရာကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။ထိုဇာတ်လမ်းထဲကလိုမှော်စုတ်တံလေးနဲ့ရေးဆွဲတာမျို...