Magical Peinture 9

433 59 9
                                    

"Jake...ဘာဖြစ်လို့လဲ"

"အာ...မဟုတ်ပါဘူး ငါအမြင်မှားတာနေမှာပါ Australiaက လူက ဘယ်လိုလုပ်ဒီမှာရှိနေနိုင်မှာလဲ"

"ဒီဆိုင်မှာ နာမည်ကြီးနေတဲ့ ဝင်္ကပါစင်္ကြန် တစ်ခုရှိတယ်  ငါတို့ကောထမင်းစားပြီးရင် လျှောက်ကြည့်မလား"

"ဟုတ်လား စိတ်၀င်စားဖို့ကောင်းမှာပဲ"

မှာယူထားသည်များကို စားသောက်ပြီးသည့်နောက်တွင် restaurantခြံ၀န်းကျယ်ထဲတွင်တည်ရှိသော ဝင်္ကပါဆီသို့ဦးတည်လာခဲ့ကြသည်။ထို ဝင်္ကပါဆီမှ အောင်အောင်မြင်မြင်ထွက်လာနိုင်သူကိုလည်း ထွက်ပေါက်တွင် Special giftများ ရယူနိုင်ကြောင်း ကြေညာထားသည်။လာရောက်ကြသူအများစုမှာတော့ အဖွဲ့လိုက်သူငယ်ချင်းစုများနှင့် စုံတွဲများသာဖြစ်ကြသည်။သို့သော် လူများအရမ်းရှုပ်နေသည်မဟုတ် သူ့အဖွဲ့နှင့်သူ အေးအေးဆေးဆေးသာ။

"Sunghoon...ငါတို့အ၀င်ကတည်းက Vedioရိုက်ထားကြမလား ထွက်ပေါက်ကိုရောက်နိုင်ရင် အထူးလက်ဆောင်ရှိတယ်ဆိုတော့ "

"...ငါ့ဖုန်းနဲ့ ရိုက်လိုက်မယ်"

ဝင်္ကပါဆိုသည့်အတိုင်း အစပိုင်းရိုးရှင်းပုံထင်ရသော်လည်း အတွင်းသို့ရောက်လာသည်နှင့်အတူ လမ်းများမှာလည်း ပို၍ ရှုပ်ထွေးလို့လာသည်။ထောင်ချိုးတိုင်းမှာလည်း ပုံသဏ္ဍာန်များဟာ အတူတူဖြစ်နေတာကြောင့်ခွဲခြားရန်ခက်ခဲလှသည်။

"ဒီနေရာစောနက ရောက်ခဲ့သလိုပဲ
Sunghoon ငါတို့ထွက်နိုင်လောက်မှာပါနော်"

Sunghoonကပြုံးလိုက်ရင်း

"ထွက်ပေါက်ရှာမတွေ့ရင် ငါတို့နှစ်ယောက်ဒီမှာ တစ်သက်လုံးနေရင်ဖြစ်တာပဲ"

သူကတော့ ဘယ်လိုတွေး၍ ပြောလိုက်သည်မသိသော်လည်းJakeရင်ထဲ သိမ့်ခနဲလှုပ်ရှားသွားသည်။နှစ်ယောက်သား ဝင်္ကပါထဲမှာ တစ်သက်လုံးနေမည်တဲ့လား။

"Jake ဖုန်းခနကိုင်ပြီးဆက်ရိုက်ထားပေးလို့ရမလား
ငါဖိနပ်ကြိုးပြေသွားလို့ "

"ပေး ငါကိုင်ထားမယ်"

Sunghoonဖိနပ်ကြိုးငုံ့ချည်နေစဉ် Jakeသူ့ရှေ့တွင်ရှိသော လမ်းကွေ့ဆီသို့ တစ်လှမ်းနှစ်လှမ်းလှမ်းမိသည်။သို့သော် ဖုန်းscreenထဲတွင်ပေါ်လာသောမြင်ကွင်းကြောင့် မိမိမျက်စိများကိုပင်မယုံနိုင်လောက်အောင် ကြောင်အမ်းကာ ရပ်နေမိသည်။ အမTracyက Jasperမဟုတ်တဲ့ တစ်ခြားယောကျာ်းတစ်ယောက်နဲ့ လူမြင်ကွင်းမှာ ရှက်စရာအပြုမူကိုပြုလုပ်နေသည်တဲ့လား။သူတို့ကတော့ နက်ရှိုင်းသောအနမ်းများဖြင့်သာယာနေတာမို့ လမ်းထောင့်ကွယ်တွင် Jake ရှိနေသည်ကို နည်းနည်းမှရိပ်မိပုံမပေါ်။

Magical Peinture Where stories live. Discover now