Magical Peinture 5

529 68 13
                                    

"Jake....."

အတန်းတစ်ချိန်ပြီး၍ နောက်ဆရာမ၀င်ခင်မို့တစ်ခန်းလုံးဆူညံနေသည်။လေ့ကျင့်ဖို့သွားမည်ဆိုသည့်သူက သူ၏ရှေ့ကိုရောက်နေသည်။

"ဟိုနေ့က မင်းနဲ့အတူ အဖွဲ့ထဲ၀င်ဖို့ဆိုတာ ခုထိ၀င်လို့ရသေးလား...."

ထိုစကားပြောဖို့ပင် အတော် စိတ်ပိုင်းဖြတ်လာရပုံပေါ်သည်။အေးတိအေးစက်လူသား‌ လေးက ရှက်ကိုးရှက်ကန်းဖြင့်ပြောလာသည်မို့ မပြုံးပဲမနေနိုင်ပေ။ထိုသို့ဖြင့် မည်သည့်အကြောင်း ကြောင့်ရုတ်တရက်၀င်ချင်သည်ကိုမသိသော်ညား Sunghoonနှင့် အတူ စာတမ်းပြုစုရန်ဖြစ်လာခဲ့သည်။

                                 -

Sunghoonသည် တစ်စုံတစ်ခုကိုလုပ်လျှင် သူစိတ်ကျေနပ်မှု မရသေးမချင်း ကြိုးကြိုးစားစားလုပ်တတ်သူဖြစ်တာကြောင့် တစ်ခြားသူများပြန်သွားသော်လည်း ညနေစောင်းသည်ထိ တစ်ယောက်တည်းဆက်၍ လေ့ကျင့်နေခဲ့သည်။ပြန်သည့် အချိန်တွင် ကျောင်းတစ်ခုလုံးမှာ လူများရှင်းနေပေပြီ။လော်ကာထဲ ပစ္စည်းများ၀င်ထားကာ ထွက်လာစဉ် ရင်းနှီးသည့်အသံကို ကြားလိုက်ရသည်။

"Park Sunghoon!"
"ငါပြောတာကိုပေါ့သေးသေးတွက်တာပေါ့ဟုတ်လား"

မနက်က သူ့အား ဟိန်းဟောက်သွားသည့်ကျောင်းသားလီဂန်ဝူ။နောက်တွင်လည်း ကြမ်းတမ်းမည့်ပုံပေါ်သည့် အပေါင်းအပါ နှစ်ယောက်ကပါသေးသည်။

"မ၀င်နဲ့ဆိုမှ မင်းက ၀င်ပြလိုက်တာပေါ့
ဘာလို့လဲ ဟိုအတန်းခေါင်ဆောင်မကိုပြောတာကိုများ မကျေနပ်လို့လား....hak!"

"ဘာမဟုတ်တဲ့ကောင်မကို ကာကွယ်ပြနေတာများ
တစ်ယောက်တည်းနေနေကျ တစ်သက်လုံး အေးအေးနေတာမဟုတ်ဘူး  ....
မင်းကိုမင်းဘာကောင်ထင်နေလဲ ...ဟမ် ParkSunghoon!!"

ယခုလိုကြုံရမည်ကို ကြိုတင်ခန့်မှန်းမိသော်လည်း Sunghoonပြောင်းလဲကြည့်ချင်တာကြောင့် အဖွဲ့ထဲ၀င်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။သို့သော် ယခုကဲ့သို သုံးယောက်တစ်ယောက်လာလိမ့်မည်ဟုမထင်ထားခဲ့တာကြောင့် အနည်းငယ်တွေဝေသွားရသည်။

ထိုအချိန်တွင် ထိုသူကလက်ကိုထောင်လိုက်ကာ Sunghoonဘက်သို့သွားရန် ညွှန်ပြလိုက်တော့ နောက်က လိုက်ပါလာသည့်ထဲမှတစ်ယောက်က လေ့ကျင့်ထားသည့်ခွေးပမာ တစ်ဟုန်းထိုး လက်သီးလက်မောင်းတန်းလျှက်ပြေးလာသည်။

Magical Peinture Where stories live. Discover now