Magical Peinture 23 The end

878 44 0
                                    

မျက်နှာပေါ်ဖြတ်ပြေးတဲ့အေးစိမ့်စိမ့်လေညှင်းနဲ့အတူလေးပင်နေသောမျက်၀န်းများကို အားယူကာဖွင့်လိုက်မိသည်။စိမ်းသက်သည့်ဆေးအနံ့များကလည်း လေညှင်းနှင့်အတူနှာဖျား၀သို့တိုး၀င်လျှက်။နားထဲတွင်ကြားနေရသော ရှုပ်ထွေးလှ‌သောစကားသံတို့ကြောင့်ဘေးနှစ်ဖက်သို့ ငဲ့ကြည့်မိရာ ဘယ်ဘက်တွင် အုံ့မှိုင်းနေသောမိုးကောင်းကင်ကိုမြင်နေရသည့်ပြတင်းတံခါးတစ်ခုရှိပြီး တစ်ဖက်တွင်တော့ ဆေးရုံ၀တ်စုံများကို၀တ်ဆင်ထားကာကုတင်ထက်ရှိ‌နေသူတို့အားတွေ့လိုက်ရသည်။

ဆေးရုံ‌ရောက်နေတာလား!

ထို့ နောက်ကိုယ်လှဲနေရာ ကုတင်ဘေးသို့ခပ်ပြာပြာနှင့်ရုတ်တရက်ရောက်လာသောလူကြီးအား မော့ကြည့်မိလိုက်သည်။ထိုသူက စကားသံတုန်တုန်ရင်ရင်ဖြင့်

"Aigooo..လူငယ်လေး လူငယ်လေးနိုးလာပြီပဲ ဒီမှာ ဆရာ၀န်ကြီးတို့.....!!

ဘုရားမတာပဲ လူငယ်လေးရေ...
ဘယ်လိုနေသေးလဲ"

ခေါင်းနဲ့‌ခြေထောက်ကနာနေသေးသော်လည်း

"ကျွန်တော်အဆင်ပြေပါတယ်
ဟို....ကျွန်တော် ဘယ်လိုလုပ်ဒီရောက်နေတာလဲ
ကျွန်တော့ကိုသိလားဗျ"

ထိုဦးလေးက ခေါင်းရမ်းပြရင်း

"ဦးကြီးတို့က ဘယ်သိပါ့မလဲလေ
လူငယ်လေးက ဦးကြီးတို့ခြုံတွေရှင်းဖို့လာတော့ အပန်းဖြေအိမ်နောက်မှာ သွေးတွေနဲ့လဲနေခဲ့တာ။ဘာများဖြစ်ခဲ့တာလဲ။

Sunghoon ထိုနေ့ကဖြစ်ရပ်များကိုပြန်တွေးကြည့်မိတော့ နှလုံးသားကပါ တဆစ်ဆစ်နာကျင်လာရသည်။ကိုယ့်ထက်အန္တရာယ်များ‌ နေခဲ့တဲ့ Jaeyunရော ခုချိန်ဘယ်လိုများနေလောက်မလဲ ပြီးတော့အကိုHeeseungရော....

"ရုတ်တရက်တွေ့တော့ သေသွားပြီထင်ပြီးလန့်နေခဲ့တာ။ကံကောင်းထောက်မလို့ ဆေးရုံပို့ကြည့်တော့ ရှင်နိုင်သေးတယ်ဆိုတာနဲ့"

"အဲ့လိုဖြစ်ခဲ့တာကိုး...ကျွန်တော့ကိုခုလို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ...
ဒါနဲ့ကျွန်တော်လဲနေခဲ့တာ ဘယ်လောက်ကြာသွားပြီလဲဟင်"

"ဘယ်ပြောကောင်းမလဲလူငယ်လေးရယ် တစ်လတောင်ကျော်နေပြီ
ဘုရား မ လို့ ခုလိုနိုးလာတာ ဘယ်လောက်ကံကောင်းလိုက်သလဲ"

Magical Peinture Where stories live. Discover now