ညအိပ်ယာ၀င်ခါနီးအချိန်ထိ နေ့လည်က ကြုံတွေ့ခဲ့သည်များကိုJakeပြန်လည်တွေးတောမိနေသည်။ထိုအတွေးစများထဲတွင် တစ်စုံတစ်ယောက်ကတော့မပါမဖြစ်။ထိုမဟူရာမျက်၀န်းနက်တို့ကိုအစိုးရသောလူသားအား တွေးမိလိုက်တိုင်း စိတ်နှလုံးအေးချမ်းလှသည်။ထို့အတူကိုယ်မရခဲ့ဖူးသည့် နွေးထွေးမှုတို့လည်း သူ့ကြောင့်ခံစားဖူးရသည်။တခြားသူများက သူ့အားမည်သို့ပင် သွေးရောမျက်ရည်ရောမရှိသည့်အေးစက်သောလူသားဟုသမုတ်ကြပါစေ မိမိအတွက်တော့သူရယ်တိုင်းပေါ်လာတတ်သည့် ပါးချိုင့်လေးနှင့် နှလုံးသားကိုနစ်၀င်စေနိုင်သည့် သွားစွယ်လေးများမှာ တစ်စတစ်စ တွယ်တာစရာဖြစ်လာခဲ့သည်။ကိုယ်လို သာမာန်ယောကျာ်းတစ်ယောက်ဖြစ်ပါလျှက်နှင့်ပင် ထိုမျက်၀န်းနက်နက်တို့နှင့်လူသားက မိမိအာရုံတို့ကိုဘာကြောင့်ဒီလောက်များစိုးမိုးထားရပါသနည်း။အိပ်ယာပေါ်တွင် ဘေးတစ်စောင်းလှဲနေတဲ့ကိုယ်လေးကို စောင်ထူထူထဲမှာလုံးနေအောင်ကွေးလိုက်ကာ လက်တစ်ဖက်ကကိုင်ထားသည့် ဖုန်းလေးကိုမျက်နှာချင်းဆိုင်တွင် ရှိစေလိုက်သည်။ထို့နောက် ဖုန်းစခရင်ပေါ်က ပန်းချီကားချပ်လေးကိုကြည့်ရင်း တစ်ကိုယ်တည်းကြားရုံမျှရေရွတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်
မင်းနောက်ကိုလိုက်ရင်း ငါ့ဘ၀ရဲ့ အေးချမ်းရာလေးကိုရှာတွေ့ပြီထင်တယ်...."တစ်နေ့ ဒီပန်းချီကားရဲ့ရေးဆွဲသူအား တွေ့ဆုံခွင့်ရှိခဲ့လျှင် သေချာပေါက်ကျေးဇူးတင်ကြောင်းပြောရပေအုံးမည်....
_
Australia....
Jasperတစ်ယောက်အလုပ်တွင် နှစ်ညသုံးညညလုံးပေါက်ခဲ့တာကြောင့် ယနေ့မနက်မှသာ အိမ်ကိုပြန်လာဖြစ်သည်။မနက်ဖြန် တင်ပြရမည့်အလုပ်များကို ပြည့်စုံအောင် မနားတမ်းလုပ်ခဲ့ရတာမို့ ပင်ပန်းနေကာ မနက်စာမစားရသေးသော်လည်း ရေမိုးချိုးပြီးမှ တစ်ခါတည်းစားရန်အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။
"Jasperသား ဒီနေ့ အိမ်မှာ ညစာစားဖို့Tracyကိုခေါ်လိုက်ပါလား"
အိမ်တော်ထဲသို့ ၀င်လာလာချင်း ဧည့်ခန်းတွင်ထိုင်နေသောဖေဖေက လှမ်း၍ ပြောလိုက်ခြင်းဖြစ်သည်။
YOU ARE READING
Magical Peinture
Romanceအားလုံးပဲ Repunzal movie (Barbie version)လေးကို သိကြမယ်ထင်ပါတယ်။Repunzal ဟာ သူမဆွဲလိုက်တဲ့ မှော်၀င်ပန်းချီကားလေးကြောင့် ပိတ်လှောင်ခံထားရတဲ့သူမရဲ့ဘ၀ကနေ လွှတ်မြှောက်ပျော်ရွှင်ရာကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။ထိုဇာတ်လမ်းထဲကလိုမှော်စုတ်တံလေးနဲ့ရေးဆွဲတာမျို...