Magical Peinture 11

383 57 4
                                    

နာကျင်နေသောလက်တို့ကို လျစ်လျူရှုကာ ကော်ဖီဆိုင်ရှိရာသို့ ပြန်လျှောက်လာခဲ့သည်။ဆိုင်ကိုတော့ အချိန်ပိုင်း၀န်ထမ်းအဖြစ်ကူညီပေးနေသည့်တပည့်ဖြစ်သူကအလိုက်တသိသိမ်းဆည်းကာပိတ်ပေးသွားပုံပေါ်သည်။ထို့‌ ကြောင့် မိမိတွင်ရှိသော သော့အပိုဖြင့် ဆိုင်‌ နောက်တံခါးကိုသာဖွင့်၀င်လာခဲ့သည်။ထို့နောက် ဂိုထောင်ခန်းထဲသို့၀င်လိုက်ရင်းပစ္စည်းများအားလုံး၏အကွယ်ရှိ သီးသန့်တည်ရှိနေသောအခန်းငယ်ထဲသို့၀င်ခဲ့လိုက်သည်။တစ်‌‌ယောက်အိပ်ကုတင်တစ်ခု ဗီရိုတစ်လုံးနှင့်ဆိုင်ကယ်ထားရုံကျယ်၀န်း သော ထိုအခန်းကို သိသည့်လူမှာမိမိနှင့်မိမိတပည့်Ginဆိုသူသာရှိပေလိမ့်မည်။အခန်း၀ရှိမီးခလုတ်ကိုဖွင့်ကာ ၀င်လာလိုက်ရင်း ဦးထုပ်နှင့်အနက်ရောင်အ၀တ်စားများကို အပြင်မသွားခင်က၀တ်ဆင်ထားသည့် အ၀တ်အစားများဖြင့် ပြန်လည်လဲလှယ်၀တ်ဆင်လိုက်သည်။ဒဏ်ရာရ နေသောလက်များဖြင့် မျက်နှာရှေ့ဝဲကျနေသော ဆံပင်များအား သိမ်းယူသပ်တင်လိုက်ရင်း ဘေးနားရှိကုတင်ပေါ်သို့ ‌ခြေပစ်လက်ပစ်လှဲချမိသည်။အသက်ငါးနှစ်အရွယ် လောက်မှစ၍ Grace ၏ဖခင်Mr.Jamesထံတွင် လျို့ဝှက်စွာမွေးစားခံခဲ့ရသည်။ ထို့အရင်ကအချိန်များကိုမူ အထူးတလည်မှတ်မိနေခြင်းမျိုးမရှိပေ။Mickelနှင့် ကျောင်းအတူတက်နေရင်း 10နှစ်အရွယ်လောက်မှစကာ မည်သည့်အကြောင်းကြောင့်မှန်းမသိသော်ညား အပြင်ကျောင်းကိုဆက်မတက်ရတော့ပဲ အိမ်တွင်း၌သာပညာသင်ကြားခဲ့ရသည်။ထိုအချိန်မှစ၍ကိုယ်ခံပညာများကိုလေ့လာဆည်းပူးပြီး နောက်ပိုင်းတွင်လက်တွေ့ပါအသုံးချခဲ့ရသည့်လျောက် ယခုလောက်ဒဏ်ရာများမှာ မဆိုစလောက်သာ။ယခုရက်ပိုင်းတွင် အင်အားသုံးစရာကိစ္စများ များခဲ့၍လားမသိ မျက်လုံးများကချက်ချင်းပင်လေးပင်လာသည်မို့ နောက်ကျနေမှန်းသိသော်လည်း တစ်ခဏမျှ မှေးပြီးမှသာတိုက်ခန်းသို့ပြန်ဖို့ဆုံးဖြတ်လိုက်တော့သည်။

သို့သော် အတွေးအာရုံများမှာတော့ မကြာခဏပေါ်လာတတ်သည့် မှတ်ဉာဏ်လိုလိုအိမ်မက်လိုလိုမြင်ကွင်းများ‌ ကြောင့်အနားယူခွင့်မရှိခဲ့ပေ...။

Magical Peinture Where stories live. Discover now