Magical Peinture 10

429 67 32
                                    

ဒီခဲသံ
ဘယ်သူများပါလိမ့်
သေချာပေါက် အရင်တစ်ခါ ကလည်း ကြားဖူးပါတယ်

"Arrr shit...နှဖူး ကသွေးထွက်လာပြီ!!"

"ဘယ်သူလက်ကမြင်းပြီးပစ်တာလဲကွ
ထွက်ခဲ့စမ်း!"

"မိရင်မလွယ်ဘူးမှတ်!"

Jakeနှင့်Sunghoonတို့လည်း မိမိတို့အားဝိုင်းလျှက်ရှိသောလူများ သတိလက်လွတ်ဖြစ်နေစဉ်မှာပင်အခွင့်အရေးကိုအသုံးချကာ မြေကြီးပေါ်တွင်လွင့်စင်လျက်ရှိသော အင်္ကျီအိတ်ကိုကောက်ပြီးထိုနေရာမှပြေးထွက်ခဲ့ကြသည်။

ခေသူများမဟုတ်တာကြောင့်ချက်ချင်း ပြေးလိုက်လာကြသော်လည်း သူတို့ရှေ့ရုတ်တရက်ထိုးရပ်‌သွားသော ဆိုင်ကယ်တစ်စီးကြောင့် မိမိတို့‌နောက်ဆက်မလိုက်နိုင်ပဲဖြစ်သွားရသည်။တိုက်ဆိုင်၍ပင်ဖြစ်‌စေကာမူ ထိုဆိုင်ကယ်ပိုင်ရှင်အား ကျေးဇူးတင်မိသော်လည်းယခုအခြေအနေအရ ရှေ့ကဖြတ်သွားသောtaxiတစ်စီးကိုတားကာ အိမ်ပြန်ရန်သာဦးတည်ခဲ့ရတော့သည်။

-

လီဂန်ဝူတို့မှာတော့ Restaurantမှထွက်လာကတည်းကJakeနှင့်Sunghoonတို့‌ နောက်လိုက်လာခဲ့ပြီး Busမှတ်တိုင်အနီးနားရှိဆိုင်တန်း၏ထောင့်ကွယ်မှနေ၍ ဖြစ်ပျက်နေသမျှအားလုံးကို‌ ချောင်းကြည့်နေကြသည်။

"ဟေ့ကောင်တွေသေချာရိုက်ထားတယ်မလား"

"ဟုတ်ကဲ့ သေချာတာပေါ့အစ်ကိုကြီးရ"

"ဒါနဲ့အစ်ကိုကြီး ဒီvedioနဲ့ ဘာတွေကြံမလို့လဲ"

လီဂန်ဝူ ကမဲ့ပြုံးတစ်ခုကိုပြုံးလိုက်ရင်း

"ParkSunghoonဆိုတဲ့‌ကောင်
သွေးကောမျက်ရည်ကော မရှိတဲ့
ကောင်မို့လို့ နည်းနည်းမျှော်မှန်းထားခဲ့ပေမယ့်
မြန်မြန်‌ ရှောင်ပြေးသွားတော့
စိတ်၀င်စားဖို့မကောင်းဘူးပဲ hak"

ထို့နောက် ကြားလိုက်ရသောဆိုင်ကယ်သံ
ခပ်ပြင်းပြင်းတစ်ခုကြောင့် ပြောလက်စ စကားများကိုရပ်ကာမြင်ကွင်းရှိရာနေရာသို့ ပြန်လည်အာရုံစူးစိုက်ကာ ကြည့်မိကြသည်။

"ဘာလဲဟ!"

"ဟာ....အစ်ကိုကြီး ကြည့်ပါအုံး
ဆိုင်ကယ်ပေါ်က ဆင်းလာတာ ParkSunghoonပဲမဟုတ်ဘူးလား!"

Magical Peinture Where stories live. Discover now