Magical Peinture 13

370 61 2
                                    

"အာ...ခေါက်ဆွဲထုတ်ကုန်နေပြီပဲ ၀ယ်ဖို့မေ့သွားတယ်"

Jakeမှန်တံခါးမှ တစ်ဆင့်ပတ်၀န်းကျင်ကိုကြည့်မိတော့ အတော်မှောင်နေပြီဖြစ်သည်။အရင်လိုအဖြစ်မျိုးထပ်မကြုံချင်တော့တာကြောင့် Heeseungထံမှသာ ယူစားလိုက်ရန်တွေးရတော့သည်။

*Ding..Dong...*

"Jakeပါလား...ဒီအချိန်လာတာဆိုတော့ခေါက်ဆွဲကုန်ပြန်ပြီမလား"

"အကိုHeeseungကအကြားအမြင်တောင်ရနေပြီပဲ"

"ထုံးစံအတိုင်းပါပဲ မင်းကတော့..လာ အိမ်ထဲ၀င်စောင့် အပြင်ကလေအေးတိုက်တယ်"

"ဟုတ်"

စကားလည်းဆိုရင်း တိုက်ခန်းကျယ်၏ ဧည့်ခန်းဟုသတ်မှတ်နိုင်သောနေရာရှိ ဆိုဖာတွင် ၀င်ထိုင်လိုက်သည်။

"ယူရင်းယူရင်းနဲ့ အကို့ခေါက်ဆွဲထုတ်တစ်၀က်လောက်က ကျွန်တော့ဆီရောက် နေပြီထင်တယ်နော်"

"ဒီလိုအချိန်အပြင်ထွက်ပြီး အန္တရာယ်များတာထက်စာရင် ခေါက်ဆွဲထုတ်ခနခနပေးရတာကပိုအဆင်ပြေပါတယ်"

ယခုလိုအချိန်Jakeအပြင်သွားလျှင်လည်း
သူပါတစ်ကောက်ကောက်လိုက်ပေးနေရမည်မဟုတ်ပါလား။

*Ringing...*

ရုတ်တရက်မြည်လာသော ဖုန်းအချက်ပေးသံတစ်ခုကြောင့် JakeရောHeeseungပါ ထိုအချက်ပေးသံဆီသို့အာရုံစိုက်မိသွားသည်။ခေါက်ဆွဲထုတ်များဆီသို့လှမ်းနေသောHeeseungလက်များမှာလည်း တုန့်ဆိုင်းသွားလျှက်။

"အကို ဘာဖုန်းသုံးတာလဲ
ကျွန်တော့ဖုန်း မက်ဆေ့ခ်ျ အချက်ပေးသံနဲ့ အတူတူ‌ပဲနော် "

Jakeအရင်ကသုံးခဲ့သည့်ဖုန်း၏အချက်ပေးသံနှင့်တူသောအသံကိုကြားမိတာကြောင့် ထိုဖုန်းထဲတွင် ရှိခဲ့သော မိမိတိတ်တခိုးရိုက်ခဲ့မိသောတစ်ချို့ပုံလေး‌များကိုသတိရမိသည်။

"အော်....တူနေတာလား
အကိုသတိမထားမိဘူး ဆိုင်ကပေးကတည်းက ပါလာတာ"

"ကျွန်တော့ အရင်ဖုန်းကလည်း အဲ့လိုအသံလေးပဲ
ပျောက်သွားတော့နှမြောမိတယ်
ကျွန်တော့အတွက်အဖိုးတန်တဲ့အရာလေးပါသွားခဲ့တာ"

Magical Peinture Where stories live. Discover now