Magical Peinture 16

383 51 11
                                    

အချိန်အနည်းငယ်ကြာမှ ထိတွေ့နေသောချယ်ရီရောင် ပွင့်ဖတ်ပမာ နှုတ်ခမ်းနှစ်လွှာတို့မှာ ကွဲကွာသွားကြသည်။
ထိုအခါမှ Sunghoonမျက်၀န်းများဆီသို့အနည်းငယ်‌မော့ငေးရင်း
ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်တို့အပေါ် တွေဝေလာမိသည်။

"အိမ်မက်မဟုတ်ဘူးလား"

သူတိတ်တခိုးရင်ခုန်ခဲ့သမျှ သူ၏ခံစားချက်များကိုရိပ်မိသွားနိုင်သည့်အပြင် အိမ်မက်ထဲတွင် ပိုင်စိုးပိုင်နင့်Sunghoonနှုတ်ခမ်းများကို သိမ်းယူတတ်သည်ဟုထင်သွားနိုင်ပေသည်။လက်ရှိ ကမ္ဘာဆီသို့အတွေးအာရုံများပြန်လည်ရောက်ရှိလာချိန်တွင်တော့ Jaeyun ရင်ဘတ်တစ်ခုလုံးပူထူသွားရသည်။Sunghoonဆိုသည့်လူသားတစ်‌ ယောက်ဟာ မိမိဘ၀အတွက်အလွန်‌အရေးပါသည်။ကိုယ်တိုင်ပင် မသိလိုက်ခင်အချိန်တစ်ခုမှစပြီး ထိုလူသားကမိမိအသက်ဆက်ရှင်လာရသည့်အကြောင်းရင်းဖြစ်နေခဲ့သည်။သူ့ရင်ခွင်ကို မိမိကလွဲ၍ ဘယ်သူမှ မပိုင်ဆိုင်စေလိုကာ ဒီရင်ခွင်ဆီမှာ တစ်သက်လုံးဘယ်သူမှမမြင်‌နိုင်‌အောင်ပုန်းခို‌နေမိချင်သည်အထိတွယ်တာမိပါသည်။သို့‌သော်ယခုအချိန်တွင်ရင်ဘတ်များအောင့်တက်လာရသည်အထိ တွေးမိသည်မှာတစ်ခုတည်း....

"ဒီလိုဆို မဖြစ်တာကို...

နွေးထွေးမှု....မင်းမျက်၀န်းတွေဆီကရတဲ့ ၊မင်းရင်ခွင်ဆီကရတဲ့၊မင်းနှုတ်ခမ်းလွှာပါးပါးဆီကရတဲ့ နွေးထွေးမှု‌တွေကို ငါမပိုင်ရလည်းဖြစ်တာမို့ ကျေးဇူးပြုပြီးဒီအတိုင်းလေးရှိနေပါစေ

တစ်စုံတစ်ယောက်က မင်းကို ထိခိုက်စေလို့ မင်းနှလုံးသားအရင်လိုပြန်အေးစက်သွားတာမျိုးမဖြစ်စေချင်ဘူး Sunghoon....
အထူးသဖြင့် ငါ့ကြောင့် မင်းခံစားချက်၊မင်းဆံချည်မျှင် တစ်မျှင်မျှထိခိုက်ခဲ့ရင်........ငါ"

"Jaeyun......"

ရင်ထဲစို့နစ်လာအောင် တွေးမိနေသည့် အလုံးစုံသော အတွေးစတို့မှာ "Jaeyun"ဆိုသည့်တိုးဖျဖျခေါ်သံ နောက်တွင်ပျောက်ကွယ်သွားရသည်။

လင်းလဲ့နေသည့်မျက်လုံးဝိုင်းလေးများဖြင့် မိမိအားမျက်တောင်မခတ်မော့ကြည့်နေသူမှာ ဘာတွေများဒီလောက်တွေးနေသည်ကိုSunghoonသိချင်မိသည်။

Magical Peinture Where stories live. Discover now