Magical Peinture 22-4

363 43 4
                                    

ခေါင်းတစ်ဖက်ခြမ်းက စူးရင့်စွာနာကျင်နေမှုကြားမှ တစ်ချိန်ကရင်းနှီးခဲ့ဖူးသည့်အတွေးပုံရိပ်များစွာ.....

အဆက်မပြတ်မြည်ဟီးလာသော တံခါးဘဲလ်သံတို့ကြောင့် ကလေးငယ်တစ်ယောက်ကုတင်ပေါ်မှထကာ အခန်းအပြင်ဘက်သို့ ထွက်လာသည်။

"မေမေ...."
"ဖေဖေ ဘယ်မှာလဲ....."

ဧည့်ခန်းဟုထင်ရ‌သောအခန်းဘက်သို့
မကွေ့မိခင် တစ်စုံတစ်ယောက်က နောက်မှသိမ်းကျုံးကာဆွဲပွေ့ထားလိုက်ခြင်းကိုခံလိုက်ရသည်။ထွေးပွေ့ထားသူကို လှည့်ကာမော့ကြည့်မိတော့

အိမ်တော်ထိန်းဒေါ်လေး

" ဒေါ်လေးကင်မ်..."
"အာ.....ကျွန်တော်နဲ့တူ့တူ့ပုန်းတိုင်းဆော့နေတာလား"

အိမ်တော်ထိန်းအမျိုးသမီးက ပို၍တင်းကျပ်စွာပွေ့ထားတာကိုခံစားရသည်။

"သခင်လေး Heeseung.....

အဲ့ဒီကလေးက ငါလား....

ဒေါ်လေးတို့က အခု မိစ္ဆာကြီးတွေရှာမ‌ တွေ့အောင် တူ့တူ့ပုန်းတမ်းဆော့နေကြတာ.....တိုးတိုးလေးနေရမယ်နော်"

အတိုးညှင်းဆုံးလေသံဖြင့်ပြောလာတာမို့ စကားပြန်မပြောတော့ပဲ ခေါင်းလေးသာညိမ့်ပြမိသည်။

အိမ်တော်ထိန်းအမျိုးသမီးမှာတော့ မျက်ရည်များဝိုင်းကာ စိုးရိမ်ထိတ်လန့်လျှက်ရှိသည့် သူမမျက်၀န်းများကိုကိုယ်မမြင်အောင် ဖုံးကွယ်နေသည့်ဟန်။

တစ်ခဏအကြာတွင် တံခါးဘဲလ်သံများတိတ်ဆိတ်သွားပြီး မိဘများဖြစ်ဟန်တူသောအမျိုးသားအမျိုးသမီးတို့နှင့်အတူ အနက်ရောင်၀တ်စုံပြည့်နှင့် ထူးဆန်းသည့်လူများကိုဧည့်ခန်းတွင်တွေ့ရသည်။အနည်းငယ်ဝေးသည်မို့ ‌စကားလုံးများသေချာမကြားရသော်လည်း ဖြစ်ပျက်သမျှကိုမြင်နေရသည်။

ဒါ.....ဖေဖေ နဲ့ မေမေများလား

*ချလွမ်း.....ခွမ်း....*

ပန်းအိုး သို့မဟုတ် တစ်ခုခုကျကွဲသံနှင့်အတူ မိမိအားနောက်ကျောဘက်မှထွေးပွေ့ထားသူ၏တုန်ယင်‌နေသောလက်ကမျက်လုံးများအားဖုံးကွယ်လိုက်တာကြောင့် မြင်ကွင်းများမှာမှောင်မိုက်သွားရသည်။

Magical Peinture Where stories live. Discover now