Magical Peinture 7

456 72 4
                                    

ယနေ့ Jakeကိုကြည့်ရတာ အရင်နေ့များနှင့်မတူပေ။တခြားသူများနှင့်မည်သို့ပင်တိတ်ဆိတ်နေတတ်သည့်သူဖြစ်စေကာမူ သူနဲ့ဆိုလျှင် စကားတစ်ဖွဖွပြောတတ်သူJakeကဒီနေ့တော့ သူအဆောင်ရှေ့ကိုရောက်လာကတည်းက ခုချိန်ထိတိတ်ဆိတ်လျှက်။

"Jake..မင်းစိုးရိမ်စရာတစ်ခုခုရှိနေတာလား"

"ဟင်...အဲ့ဒါက"

လီဂန်ဝူအကြောင်းကိုတော့ မဖြစ်မနေပြောပြရမည်။သို့သော် မိမိအကိုနှင့်သူလွှတ်ပေးထားသည့်လူများအကြောင်းSunghoonကြားလျှင် တစ်သက်လုံးသာမာန်လွှတ်လွတ်လပ်လပ်သာနေခဲ့ရဖူးသည့်သူ့အတွက် အဆန်းဖြစ်နေပေမည်မို့ မပြောလို။

"Sunghoon ..အခုတလော လီဂန်ဝူ မင်းကိုနှောက်ယှက်သေးလား"

"ဘာလို့လဲJake...သူမင်းကိုပါလာနှောက်ယှက်လို့လား"

"...မဟုတ်ပါဘူး
မင်းကိုစိတ်ပူရုံပါ"

ကိုယ့်ကိုဆိုးဆိုးရွားရွားလာနှောက်ယှက်ရင်တောင် ကိုယ့်မှာစောင့်ရှောက်မယ့်သူတွေပါပြီးသားမို့စိတ်ပူစရာမရှိပေမယ့် တကယ်ကိုစိတ်ပူမိတာSunghoonကိုပင်။

"ဟင့်အင်း..ဟိုတစ်ခါတည်းက သူငါ့နားမလာတော့ဘူး"

ဒီလိုဆို တော်သေးသည်မို့ Jakeစိတ်အနည်းငယ်အေးရသည်။

"မင်းကိုသူလိုက်နှောက်ယှက်ရင် ဘယ်အချိန်မဆို ငါ့ကိုပြောနော်"

အတည်ပေါက်စိတ်ပူနေတဲ့Jakeကြောင့် Sunghoonတစ်ချက်ပြုံးကာ

"မင်းငါ့ကိုစိတ်ပူတာ‌ကြောင့် ခုလိုမျက်နှာမကောင်းဖြစ်နေတာလားJake
သူတို့ ငါ့ကိုထပ်လာရှာမှာမဟုတ်ဘူး"

Jakeကသူ့ကိုအကြောင်သားလေးကြည့်နေသည်။

"ဖြစ်နိုင်တာက သူတို့ငါ့ကိုကြောက်နေကြမှာလေ"

"အရင်တုန်းက ကြုံခဲ့တဲ့ ကိစ္စနဲ့ပတ်သက်နေတာလား"

"အင်း..."

"ဘာကိစ္စလည်းဆိုတာမေးလို့ရလား "

စကားတပြောပြောနဲ့ လျှောက်လာရင်းကြည့်လိုက်တော့ စာသင်ခန်းနားတောင်ရောက်နေပြီမို့

Magical Peinture Where stories live. Discover now