[ Villain of the Story - 1 ]
Zawgyi
"ဗီလိန်ဆိုတဲ့အတိုင်း ဇတ်သိမ်းကတော့ ဆိုးဆိုးရွားရွားကို အဆုံးသတ်တာပါပဲ…ဟူး!"
'Wrong but true' ဆိုတဲ့ ဝတ္ထုစာအုပ်ကို ဖတ်ပြီး
ဝမ်ရိပေါ်တစ်ယောက် စာကြည့်မျက်မှန်လေးကို ဘေးနားချကာ ညည်းညူလိုက်လေသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုဝတ္ထုထဲတွင် ပါဝင်သော ဗီလိန်ဇတ်ကောင်၏နာမည်မှာ ဝမ်ရိပေါ်ပင် ဖြစ်သည်။
ဗီလိန်ဆိုသည့်အတိုင်း အဓိက ဇတ်ကောင်တွေကို ဒုက္ခပေးရန်သာဖြစ်ပြီး နောက်ဆုံးမှာလည်း မလှပသော အဆုံးသတ်ဖြင့်သာ ပြီးဆုံးလေသည်။အဓိကဇတ်ဆောင်ဖြစ်တဲ့ စုန့်လန်နဲ့ရှင်းယန်တို့ကတော့ ပျော်ရွှင်စွာ အဆုံးသတ်သွားပြီး သားသမီးလေးတွေတောင်
မွေးသေးသည်။ဒုတိယဇတ်ဆောင်ဖြစ်တဲ့ Sean ခေါ် ရှောင်ရှောင်းကျန့်ကတော့ ဇတ်ဆောင်မင်းသမီးကို ဇတ်ဆောင်မင်းသားနှင့်အပြိုင် လိုက်ကြိုက်ရင်း ဇတ်ဆောင်မင်းသားနဲ့ စီးပွားပြိုင်ဖက်
တွေ ဖြစ်ခဲ့ကြရင်း နောက်ဆုံးမှာတော့ ပိုင်ဆိုင်သမျှ ဆုံးရှုံးကာ သာမာန်လူတန်းစား တစ်ယောက်အဖြစ်သာ ကျန်ခဲ့လေသည်။စာရေးသူ ပုံဖော်ထားပုံအရ Sean က ဇတ်ဆောင်မင်းသားထက်ပင် ချောမောပုံပေါ်သည်။ဘယ်ဘက်နှုတ်ခမ်းအောက်နားလေးကို မှဲ့နက်လေးဖြင့် အနားကွပ်ထားသည်ဆိုတဲ့
တစ်ချက်နဲ့ပင် စာဖတ်သူ ဝမ်ရိပေါ်စိတ်ထဲ သဘောကျနေပြီ။စူးရှတောက်ပသော မျက်လုံးသွယ်လေးတွေနှင့် ဖြောင့်စင်းသော နှာတံရယ် ပိရိသေသပ်သော နှုတ်ခမ်းပါးလေးတွေက
လူတစ်ယောက်အပေါ် ဘယ်လောက်များ ဆွဲဆောင်လိမ့်မလဲ။ဒါပေမယ့် ဇတ်ဆောင်မင်းသမီး လီရှင်းယန်က ထိုလိုလူ့ ကို လုံးဝမကြိုက်ဘဲ တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သော လုပ်ငန်းကို တိကျပြတ်သားစွာ လုပ်ဆောင်နိုင်သည့်
စုန့်လန်ကိုသာ သဘောကျလေသည်။လုပ်ငန်းကျွမ်းကျင်မှုနယ်ပယ်မှာ မင်းသားနှစ်ယောက်က မကွာခြားသော်လည်း ခန္ဓာကိုယ် ဖွဲ့ စည်းပုံကတော့ အတော်ကွာခြားလေသည်။
![](https://img.wattpad.com/cover/286094868-288-k382959.jpg)
YOU ARE READING
Villain of the Story [ Completed ]
FanfictionFor @Lene-not-linn One of the Donation Projects!