Unicode
အသက် ၁၈နှစ်အရွယ် ကောင်လေး Jumpol Adulkittiporn ဟာ ဝိဥာဥ်တွေ၊ သရဲတွေကို မြင်နိုင်တယ်။ သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Jumpol ဟာ နောက်ဆံတင်းနေတဲ့ ကိစ္စပေါင်းစုံကြောင့် တမလွန်ကို ဖြောင့်ဖြောင့်မထွက်ခွာနိုင်တဲ့ ဝိဥာဥ်တွေကို ကူညီပေးရပေါင်းများပြီ။ ၂၀၀၀ ခုနှစ် ဇွန်လမှာပေါ့။ သူ့ရဲ့ချစ်လှစွာသော အဖိုးဆုံးသွားတာနဲ့အတူ Jumpol ဟာ ဘိုးစဥ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ စံအိမ်ကြီးကို မမျှော်လင့်ဘဲ အမွေရလိုက်ရာကနေ Gun နဲ့စတွေ့ခဲ့လေရဲ့။ အဲ တစ်ခုပဲ... Gun ဆိုတာက ချစ်စရာကောင်းသလောက် အမြဲဝမ်းနည်းဆွေးမြေ့နေတဲ့မျက်ဝန်းတွေနဲ့ စကားမပြောတဲ့ ဝိဥာဥ်ကောင်လေးဖြစ်နေတာက လွဲလို့ပေါ့။အဲ့ဒီနွေရာသီကျောင်းပိတ်ရက်မှာJumpol ဟာ အမှတ် 31A၊ ကစ်ပင်မြို့၊ အနောက် စတာလင်းရှိင်ယာ ခရိုင်၊ စကော့တလန် မှာရှိတဲ့စံအိမ်ကြီးကိုရောက်လာခဲ့တာကစတာပဲ။ သူတစ်သက်နဲ့တစ်ကိုယ် မထင်ထားမိတာကတော့ ဒီအိမ်ကြီးနဲ့ဘိုးအေဖြစ်သူရဲ့ ရာစုနှစ်တစ်ခုကြာပြီဖြစ်တဲ့လွမ်းမောဖွယ်အတိတ်မှာ သူကိုယ်တိုင် ရင်နင့်အောင်ချစ်ရမယ့်အချစ်တစ်ခုကို ရှာတွေ့ခဲ့မယ်ဆိုတာကိုပဲ။
Zawgyi
အသက္ ၁၈ႏွစ္အရြယ္ ေကာင္ေလး Jumpol Adulkittiporn ဟာ ဝိဥာဥ္ေတြ၊ သရဲေတြကို ျမင္နိုင္တယ္။ သူႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ Jumpol ဟာ ေနာက္ဆံတင္းေနတဲ့ ကိစၥေပါင္းစုံေၾကာင့္ တမလြန္ကို ေျဖာင့္ေျဖာင့္မထြက္ခြာနိုင္တဲ့ ဝိဥာဥ္ေတြကို ကူညီေပးရေပါင္းမ်ားၿပီ။ ၂၀၀၀ ခုႏွစ္ ဇြန္လမွာေပါ့။ သူ႔ရဲ့ခ်စ္လွစြာေသာ အဖိုးဆုံးသြားတာနဲ႔အတူ Jumpol ဟာ ဘိုးစဥ္ေဘာင္ဆက္ပိုင္ဆိုင္ခဲ့တဲ့ စံအိမ္ႀကီးကို မေမၽွာ္လင့္ဘဲ အေမြရလိုက္ရာကေန Gun နဲ႔စေတြ႕ခဲ့ေလရဲ့။ အဲ တစ္ခုပဲ... Gun ဆိုတာက ခ်စ္စရာေကာင္းသေလာက္ အျမဲဝမ္းနည္းေဆြးေျမ့ေနတဲ့မ်က္ဝန္းေတြနဲ႔ စကားမေျပာတဲ့ ဝိဥာဥ္ေကာင္ေလးျဖစ္ေနတာက လြဲလို႔ေပါ့။အဲ့ဒီေႏြရာသီေက်ာင္းပိတ္ရက္မွာJumpol ဟာ အမွတ္ 31A၊ ကစ္ပင္ၿမိဳ႕၊ အေနာက္ စတာလင္းရွိင္ယာ ခရိုင္၊ စေကာ့တလန္ မွာရွိတဲ့စံအိမ္ႀကီးကိုေရာက္လာခဲ့တာကစတာပဲ။ သူတစ္သက္နဲ႔တစ္ကိုယ္ မထင္ထားမိတာကေတာ့ ဒီအိမ္ႀကီးနဲ႔ဘိုးေအျဖစ္သူရဲ့ ရာစုႏွစ္တစ္ခုၾကာၿပီျဖစ္တဲ့လြမ္းေမာဖြယ္အတိတ္မွာ သူကိုယ္တိုင္ ရင္နင့္ေအာင္ခ်စ္ရမယ့္အခ်စ္တစ္ခုကို ရွာေတြ႕ခဲ့မယ္ဆိုတာကိုပဲ။
YOU ARE READING
[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)
Romance[Completed] တမြေ့မြေ့ခံစားရမယ့် ဘာသာပြန် OffGun fic ပါ။ မူရင်းဇာတ်လမ်း Wawaowai ၏ A Late Night Waltz အား Again ၏ English ဘာသာပြန်မှ တဆင့် ဘာသာပြန်ဆိုထားပါတယ်။