Unicode
အမှတ် 31A၊ ကစ်ပင်မြို့
အနောက် စတာလင်းရှိင်ယာ ခရိုင်၊ စကော့တလန်။
၂၀၀၀ ခုနှစ် ဇွန်လကုန်။
Jumpol ဟာ အိပ်ယာထဲမှာ လူးလိမ့်နေတယ်။ အအေးဓာတ်က သူ့အရေပြားရဲ့ မွေးညှင်းပေါက်တွေထဲထိ တိုးဝင်လာသလိုပဲ။ သူ့ခန္ဓာကိုယ်ဟာ အေးလွန်းလို့ ကွေးတက်လာပြီး ရုတ်တရက်လန့်နိုးသွားတယ်။ 'ဟိုကောင်လေး ရောက်နေတယ်'
Jumpol ဟာ စောင်ကို မျက်နှာပေါ်ကနေ ဆွဲချလိုက်တယ်။ ကုတင်ဘေးမှာ ဝဲနေတဲ့ Gunဟာ ချက်ချင်း နောက်လှည့်ပြီး ထွက်ပြေးဖို့လုပ်တယ်။ Jumpol က Gun ရဲ့ လက်ကောက်ဝတ်ကို ဆတ်ခနဲ လှမ်းဆွဲလိုက်တော့ ဝိဥာဉ်လေးဟာ ဖင်ထိုင်ရက်သား ခုတင်ပေါ် ပြုတ်ကျလာတယ်။
"ပေါ်လာသေးတယ်... မင်း ဘာလို့ ထပ်ခိုးတစ်ခုလုံးကို ရစရာ မရှိအောင် ဖျက်ဆီးရတာလဲ?" Jumpol က Gun ရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး မေးတယ်။
Gun က လန့်သွားပြီး Jumpol လက်ကနေ အတင်းရုန်းနေတယ်။
"လွှတ်ပေး Off!" Gun က ထိတ်လန့်နေသလိုပြောတယ်။
Jumpol က ခပ်စူးစူး ပြန်ကြည့်လိုက်တယ်။
"ဘာလဲ? မင်း ဒီအတိုင်း ပျောက်သွားလို့ရတာပဲ... လုပ်လေ ဘာလို့ရုန်းနေလဲ?"
Gun က ဘာမှမပြောနိုင်ဘဲ သူ့လက်ကို တခြားလက်တစ်ဖက်နဲ့ တွန်းထုတ်ပြီးသာ ရုန်းနေတယ်။
' အံ့ဩစရာပဲ' Jumpol ကတွေးတယ်။ ဒီဝိဥာဉ်ဟာ သူ့ချုပ်ကိုင်မှုကနေ ရုန်းမထွက်နိုင်ဘူး။
Jumpol က Gun ကို အိပ်ယာပေါ်ကို လှဲချလိုက်ပြီး လက်ကို မလွှတ်ဘဲ မွေ့ယာပေါ်ကပ်ကာ ဖိထားလိုက်တယ်။
"ငါ မေးတာ ဖြေ! ဘာလို့ ထပ်ခိုးကို ဖျက်ဆီးတာလဲ?"
Gun က Jumpol ကို မကြည့်ရဲဘဲ အကြည့်လွှဲလိုက်တယ်။
"အခန်းတစ်ခုလုံး ရစရာမရှိအောင်လုပ်တယ်... အားလုံးကို ကြောက်သွားအောင်လုပ်တယ်... New လည်းနောက်ဆို ဒီကို ပြန်တောင်လာရဲတော့မှာ မဟုတ်ဘူး... မင်း ဘယ်လိုတွေဖြစ်နေတာလဲ Gun?" Jumpol က ဒေါသကို မနည်းထိန်းနေရတယ်။
YOU ARE READING
[Completed] သန်းခေါင်ယံကကြိုး (ဘာသာပြန်)
Romance[Completed] တမြေ့မြေ့ခံစားရမယ့် ဘာသာပြန် OffGun fic ပါ။ မူရင်းဇာတ်လမ်း Wawaowai ၏ A Late Night Waltz အား Again ၏ English ဘာသာပြန်မှ တဆင့် ဘာသာပြန်ဆိုထားပါတယ်။